မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်နှင့်ပါတီအလံသစ်တင်ပွဲကျင်းပ

 

မအူပင် ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်နှင့်ပါတီအလံသစ် လွှင့်တင်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မအူပင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မင်္ဂလာအချိန်ကျရောက်သည့်အခါ၌ ပါတီတာ ဝန်ရှိသူများက ဆိုင်းဘုတ်နှင့်ပါတီအလံသစ်ကို အမွှေးနံ့သာရည် များပက်ဖျန်းခြင်း၊ ဆိုင်းဘုတ်စိုက်ထူခြင်း၊ ပါတီအလံသစ်လွှင့်တင် ခြင်းများပြုလုပ်ပြီး တက်ရောက်လာသူများအားလုံးက နိုင်ငံတော် အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုခြင်းများ ဆောင်ရွက် ခဲ့ကြသည်။ ထို့နောက် မအူပင်ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အားမာန် ခန်းမ၌ လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံလျက်ပါတီ၏ ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးကျော်ဖေဦး နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးစောသောင်းဒန်နှင့်မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက် နှင့်ကျေးရွာအုပ်စုပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ရပ်/ကျေးပါတီကော်မတီ ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)