ဟုမ္မလင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို

 

ဟုမ္မလင်း ဇူလိုင် ၁၁

ဟုမ္မလင်းမြို့ အမှတ်(၃၆၉) ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးသန်းစိုး ဦးစီး သော ရှေ့တန်းပြန်တပ်မတော်သား များသည် ယမန်နေ့ ညနေ ၅ နာရီခွဲက မုံရွာမြို့မှ ဟုမ္မလင်း မြို့သို့ အမြန်ရေယာဉ်ဖြင့်ရောက် ရှိခဲ့ရာ ဟုမ္မလင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးရဲဝင့်ခိုင် ဦးဆောင် သော မြို့နယ်ပါတီကော်မတီဝင် များ၊ အရန်မြို့နယ်ပါတီကော်မတီ ဝင်များ၊ ပါတီဝင်များ၊ စုစုပေါင်း ၄၆ ဦးနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်စိုးလင်းနှင့် ရုံး ဝန်ထမ်းများ၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့၊ဥက္ကဋ္ဌဦးဌေးအောင်နှင့်
အဖွဲ့ဝင် ၁၇ ဦး၊ ဒေါ်နန်းမေကြင် ဦးဆောင်သော မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရှမ်းနီယဉ်ကျေးမှုကော်မတီမှ ရှမ်းနီ ယဉ်ကျေးမှုလူငယ်မောင်မယ်များ၊ အမှတ်(၂)ကျောင်းမှဆရာ၊ ဆရာမ များနှင့်ကျောင်းသား၊ ကျောင်းသူ များ၊ ဟုမ္မလင်းလေတပ်စခန်းဌာန ချုပ်ဒုတိယဌာနချုပ်မှူး ဗိုလ်မှူး ကြီး သိန်းထွန်းဦးနှင့် အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များနှင့် မိသားစုဝင်များ၊ အမှတ် (၃၆၉)၊ အမှတ် (၃၇ဝ) တပ်ရင်း များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် များနှင့်မိသားစုဝင်များနှင့် မိဘ ပြည်သူများ စုစုပေါင်းအင်အား ၃ဝဝ ခန့်က အောင်သပြေပန်းစည်း ပန်းကုံးများ၊ ရှမ်းအိုးစည်၊ အိုး မောင်းများဖြင့် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရ သည်။