ဆီမီးဖိုင်နယ် ကျိန်စာဆိုး သင့်နေခဲ့တဲ့ အင်္ဂလန်အသင်း

အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားလမ်းခရီးဟာ ဗုဒ္ဓဟူးနေ့မှာ ဆီမီးဖိုင်နယ်အဆင့်နဲ့တင် အဆုံးသတ်ပြီးဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ ခြင်္သေ့သုံးကောင်လို့ နာမည်ပြောင်ရ အင်္ဂလန်အသင်းဟာ မာရီယိုမန်ဇူကစ်ရဲ့ အချိန်ပိုသွင်းဂိုးကြောင့် အရေးနိမ့်ခဲ့ရပြီး အသည်းကွဲသွားခဲ့ရပါတယ်။ ဒီရှုံးပွဲဟာ အင်္ဂလန်အသင်းရဲ့ အဓိကပြိုင်ပွဲကြီးတွေမှာ ဆီမီးဖိုင်နယ် ပွဲ (၄)ပွဲမြောက် ရှုံးနိမ့်မှုဖြစ်ပါတယ်။ 

၁၉၆၈ ခုနှစ် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ အင်္ဂလန်အသင်းဟာ ယူဂိုဆလားဗီးယားအသင်းကို ၁-၀ ဂိုးနဲ့ အရေးနိမ့် ခဲ့ပြီး ၁၉၉၀ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာလည်း ဂျာမနီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ ပါတယ်။ အဲဒီနောက် ၁၉၉၆ ဥရောပချန်ပီယံရှစ် ပြိုင်ပွဲမှာလည်း ဂျာမနီကိုပဲ ထပ်မံအရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာတော့ ခရိုအေးရှားကို အရေးနိမ့်ခဲ့ပြီး ဆီမီးဖိုင်နယ်ကျိန်စာကနေ မလွတ်မြောက်နိုင်သေးတာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ပယ်နယ်တီ အဆုံးအဖြတ်တွေနဲ့ ရင်ဆိုင်ရတိုင်း ရလာဒ်မကောင်းတတ်တဲ့ အစဉ်အလာဆိုးကို ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဆုံးသတ်နိုင်ခဲ့ပြီး ကိုလံဘီယာနဲ့ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆီမီးဖိုင်နယ်ကျိန်စာသင့်မှုဟာ ဆက်လက်တည်တံ့နေခဲ့ပါတယ်။ ဂါရတ်ဆောက်ဂိတ်ရဲ့ လူငယ် အများစုကို အားပြုရွေးချယ်ထားတဲ့ အင်္ဂလန်အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့မှု အပေါ်မှာပဲ ကျေနပ်ရမှာဖြစ်ပြီး ထိုက်သင့်သလောက် အောင်မြင်မှုရရှိခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အင်္ဂလန်အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် စနေနေ့မှာ ဘယ်လ်ဂျီယံအသင်းနဲ့ ကစား ရမှာဖြစ်ပြီး တတိယ နေရာလုပွဲ ဆင်နွှဲရမှာလည်း ဖြစ်ပါတယ်။ အုပ်စုအဆင့်မှာ ရင်ဆိုင်ခဲ့ရစဉ်ကတော့ နှစ်သင်း စလုံးဟာ အရန်ကစားသမားအများစုကို ပွဲထုတ်ခဲ့ပြီး ဘယ်လ်ဂျီယံက ဂျာနူဇက်ဂ်ျရဲ့ သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလား ???? တတိယနေရာလုပွဲ ????

= = = = = = = = = = = = = = = = = = = = =

၁၄-၇-၁၈(စနေ၊ ည ၈း ၃၀) ဘယ်လ်ဂျီယံ vs အင်္ဂလန်

****************************************

၂၀၁၈ ကမ္ဘာ့ဖလား ???? ဗိုလ်လုပွဲ ????

= = = = = = = = = = = = = = = = = = = = =

၁၅-၇-၁၈(တနင်္ဂနွေ၊ ည ၉း ၃၀) ပြင်သစ် vs ခရိုအေးရှား