ပါတီဗဟိုအလုပ်အမှုဆာင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း မုဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

မုဒုံ၊ ဇူလိုင် ၁၀

မွန်ပြည်နယ် မုဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက် ၁၁ နာရီချိန်တွင် ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းမှ မုဒုံမြို့နယ် ပါတီကော်တီဝင်များနှင့် တွေ့ဆုံခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းမှ ပါတီဗဟိုရဲ့လမ်းညွှန်ချက်များ၊ ပါတီကော်မတီဝင်များအနေဖြင့် စုစည်းညီညာစွာ ပါတီစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် ပါတီဝင်များအနေဖြင့် ပါတီရဲ့မူဝါဒများအား လေ့လာကြရန်၊ ပါတီမျက်နှာကိုသာကြည့်ပြီး ညီညွှတ်စွာဆောင်ရွက်ကြရန်၊ မြို့နယ်ပါတီအဆင့်ဆင့်တွင် တာဝန်ယူကြသောပာတီကော်မတီဝင်များအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုများရှိကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်ပြီး မော်လမြိုင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးထွန်း မှ ပါတီကော်မတီဝင်များအနေဖြင့် ပါတီတာဝန်များအား ကျေပွန်စွာဆောင်ရွက်ကြရန်၊ လူငယ်များသည် နောင်တစ်ချိန်တွင် ပါတီတာဝန်များအား လွှဲပြောင်းတာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်၍ အားပေးအားမြောက်ပြုရန်လိုကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်ပါတီ အတွင်းရေးမှူး(ယာယီ) ဦးရွှေသွေးမောင် မှ မြို့နယ်ပါတီရဲ့ လုပ်ဆောင်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေးတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော ရပ်/ကျေးပါတီဥက္ကဋ္ဌများမှ မိမိတို့ကျေးရွာအုပ်စု၏ ပကတိအခြေအနေမှန်များအား တင်ပြဆွေးနွေးရာ ပြည်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲကို ပြည်နယ်ပါတီကော်မတီဝင် ဦးဇော်မြင့်၊ မော်လမြိုင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ ခရိုင်ပါတီကော်မတီဝင် ဦးမင်းအောင်မြင့်၊ မုဒုံမြို့နယ် ပါတီအတွင်းရေးမှူး(ယာယီ) ဦးရွှေသွေးမောင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်လူငယ်များနှင့် ရပ်/ကျေးပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြပြီး မွန်းလွဲ ၁း၄၅ နာရီချိန်တွင် တွေ့ဆုံပွဲပြီးမြောက်ခဲ့သည်။