စပိန်တိုက်စစ်မှူးဟောင်း တောရက်စ် ဂျပန်လိဂ်သို့ ပြောင်းရွှေ့
ပြီးခဲ့သည့်လက အက်သလက်တီကိုမက်ဒရစ်မှ ထွက်ခွာပြီးနောက် ဂျပန်လိဂ်(ဂျေလိဂ်)ကလပ် ဆာဂန်တိုဆူတို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကြောင်း စပိန်တိုက်စစ်မှူးဟောင်း ဖန်နန်ဒိုတောရက်စ်က ကြေညာသည်။
ငယ်ဘဝကလပ် အက်သက်တီကိုမက်ဒရစ်တွင် နှစ်ကျော့ကစားခဲ့သူ တောရက်စ် (၃၄)နှစ်သည် လီဗာပူး၊ ချယ်လ်ဆီးနှင့် အေစီမီလန်၌ ကစားခဲ့ပြီး စပိန်နှင့်အတူ ကမ္ဘာ့ဖလားတစ်ကြိမ်၊ ယူရိုဖလားနှစ်ကြိမ် ဆွတ်ခူးခဲ့သည်။
‘‘ကျွန်တော့်ကို ကမ္ဘာ့အနှံ့က ကမ်းလှမ်းခဲ့ပါတယ်။ ကျွန်တော်ရဲ့ အသင်းသစ်က ဂျပန်ကလပ် ဆာဂန်တိုဆူ ဖြစ်မှာပါ။ လုံးဝ မတူခြားနားတဲ့နေရာမှာ စိန်ခေါ်မှုအသစ် လိုချင်ပါတယ်’’ဟု တောရက်စ်က ပြောသည်။ ဘာစီလိုနာကွင်းလယ် ကြယ်ပွင့်ဟောင်း အင်နီယေစတာက ဗစ်ဆဲလ်ကိုဘီးသို့ ပြောင်းရွှေ့ရန် မေလတွင် သဘောတူညီ ပြီးနောက် တောရက်စ်သည် ဂျေလိဂ်ရောက် ဒုတိယမြောက် နာမည်ကြီးစပိန်ကစားသမား ဖြစ်လာသည်။
၂၀၁၇ ကတည်းက ဗစ်ဆဲလ်ကိုဘီးတွင် ကစားနေသူဂျာမနီနှင့် အာဆင်နယ်ကစားသမားဟောင်း ပိုဒေါစကီးက ဂျေလိဂ်သို့ တောရက်စ်ပြောင်းလာမှုကို ကြိုဆိုကြောင်း လူမှုမီဒီယာ၌ ရေးသားခဲ့သည်။
—Ref: Skysports