ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ဘုန်းတော်ကြီးကျောင်း ပြန်လည်ပြုပြင်မွမ်းမံနိုင်ရန်အတွက် အလှူငွေများ သွားရောက်လှူဒါန်း

 

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်း သည် ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်းက ချောင်းဆုံမြို့နယ် ကမာကေးကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် မုဟွတ်ဘုန်းကြီးကျောင်း ခေါင်မိုးပျက်ဆီးသွားသည့်အတွက် ဘုန်းတော်ကြီးကျောင်း၏ အမိုးများပြုပြင်မွမ်းမံနိုင်ရန်အတွက် အလှူငွေ ၅သိန်း အား ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ နေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးသွားသည့်အတွက် အလှူငွေ ၁သိန်းတို့အား ယနေ့ ဇူလိုင် ၉ ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ပါသည်။