လယ်ဝေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းဆိုင်ရာ ဆွေးနွေး

 

ပြည်ထောင်စုနယ်မြေလယ်ဝေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရုံးတွင်ယမန်နေ့ နံနက် ၈နာရီမှ ၉နာရီအထိ လစဉ်ပုံမှန် အစည်း အဝေးပြုလုပ်ခဲ့ရာ ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီ အတွင်းရေး မှူးဦးဌေးဝင်း၊ မြို့နယ် ပါတီဥက္ကဋ္ဌဒေါ်တင်နွယ်ဦးနှင့်မြို့နယ် အလုပ် အမှုဆောင်များ၊ ရပ်ကွက်၊ ကျေးရွာပါတီဥက္ကဋ္ဌများ စုစုပေါင်း ၇ဝခန့် တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ဦးဌေးဝင်းနှင့် ဒေါ်တင်နွယ်ဦးတို့က အမှာစကားပြောကြားပြီး မြို့နယ်အလုပ်အမှု ဆောင်များနှင့် ရပ်/ကျေးပါတီ ဥက္ကဋ္ဌများက ပါတီဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ဝင်း(ကြိုးကြာကန်)