လူငယ်ညီလာခံအတွေ့အကြုံရှင်း

 

ရွာငံ ဇူလိုင် ၉

ရွာငံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီတွင် ပါတီလူငယ် ညီလာခံအတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစောထွန်းခိုင်၊ ခရိုင် ကော်မတီဝင် ဦးမျိုးဆန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးပြည်ဆန်းထွန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ရှမ်း/တောင်လူငယ်တာဝန်ခံ ကိုအောင် ဖြိုး၊မြို့နယ်လူငယ်ခေါင်းဆောင် ကိုညီညီအောင်၊မသီတာပြုံး၊ကျေးရွာ အုပ်စု လူငယ်ခေါင်းဆောင်များတက်ရောက်ကြသည်။ ခရိုင်ပါတီ ဥက္ကဋ္ဌနှင့် မြို့နယ်ပါတီဥက္ကဋ္ဌတို့က အဖွင့်အမှာစကားပြောကြားပြီး လူငယ်တာဝန်ခံ၊ လူငယ်ခေါင်းဆောင်များက ဗဟိုလူငယ်ညီလာခံ အတွေ့အကြုံများအား ရှင်းလင်းဆွေးနွေးကြပြီး ခရိုင်ကော်မတီဝင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ် အဖွဲ့များသည် ရွာငံမြို့ ဈေးတန်းတောင်ပိုင်းရပ်ကွက်အတွင်းရှိ ရွှေပန်း ရုံကျောင်း ဆရာတော်အား ကန်တော့ပြီး လှူဖွယ်ဝတ္ထုဆက်ကပ်လှူ ဒါန်းခဲ့သည်။ ကျောင်းဝင်းအတွင်းတွင် ကျွန်း၊ ထောပတ်၊ခါတော်မီ၊ ယူကလစ်၊ မဲဇလီစသည့်အပင်များအား စိုက်ပျိုးကြပြီး ကျောင်း အတွင်း အသစ်ဆောက်လုပ်လျက်ရှိသော ဓမ္မာရုံအတွက် မြေဖို့လုပ် အားဒါနပြုခဲ့ကြသည်။