ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ သံဖြူဇရပ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံကာ လမ်းညွှန်အမှာစကားပြောကြား
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ယနေ့ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၁ နာရီကအချိန်၌ ပြုလုပ်သည့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံပွဲကို ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ဖွင့်လှစ်ပြီး ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျးရွာပါတီဥက္ကဋ္ဌများအား လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်ပါတီဥက္ကဋ္ဌမှ မြို့နယ်ပါတီဖွဲ့စည်းထားရှိမှု ရပ်ကွက်နှင့်ကျေးရွာများ ဖွဲ့စည်းထားရှိမှုများအား မြို့နယ်ပါတီမှ ပါတီ၏ရည်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ အချိန်အခါအလိုက် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ကျဆင်းစေရေးအတွက်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဝိုင်းဝန်းကူညီဆောင် ရွက်နေမှုများ၊ ပါတီအဆင့်ဆင့်၏လမ်းညွှန်မှုများအား ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ တက်ရောက်လာကြသော ရပ်ကွက်နှင့်ကျေးရွာ ပါတီဥက္ကဋ္ဌများမှ မိမိတို့ရပ်ကွက်ကျေးရွာများအလိုက် ပါတီလုပ်ငန်းများ၊လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား တင်ပြခြင်း သိရှိလိုသည်များအားမေးမြန်းကြသည်။
ထို့နောက် ခရိုင်ပါတီဥက္ကဋ္ဌမှဆက်ရှင်းလင်တင်ပြပြီး ဗဟိုအလုပ်မှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ ရပ်ကျေးပါတီဥက္ကဋ္ဌများ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးသက်ထွေး၊ မော်လမြိုင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုးထွန်း၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာပါတီဥက္ကဋ္ဌများ တက်ရောက်ကြကြောင်း သိရသည်။