ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ပေါင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီကပြုလုပ် သည့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင် များနှင့်တွေ့ဆုံပွဲကို ဗဟိုအလုပ်အမှု ဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦး အောင်ကြည်သိန်းတက်ရောက်ပြီး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နိုင်ငံတော် အလံအားအလေးပြုပြီး နိုင်ငံတော် သီချင်းသံပြိုင်သီဆိုကာ ဖွင့်လှစ်ပြီး ဗဟိုအလုပ်အမှုဆောင် ပြည်နယ် ပါတီဥက္ကဋ္ဌက မြို့နယ်ကော်မတီ ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာပါတီ ဥက္ကဋ္ဌများအား လမ်းညွှန်အမှာ စကားပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်ပါတီ ဥက္ကဋ္ဌက မြို့နယ်ပါတီဖွဲ့စည်းထား ရှိမှု၊ ရပ်ကွက်နှင့်ကျေးရွာများ ဖွဲ့ စည်းထားရှိမှုအား မြို့နယ်ပါတီမှ ပါတီ၏ရည်မှန်းချက်များ အောင် မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊အချိန်အခါအလိုက် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များ ကျဆင်းစေရေး အတွက်ကြိုတင်ကာကွယ်ရေးလုပ်ငန်း များ ဝိုင်းဝန်းကူညီဆောင်ရွက် နေမှုများ၊ ပါတီအဆင့်ဆင့်၏ လမ်းညွှန်မှုများအား ဆောင်ရွက် ပြီးစီးမှုများကို ရှင်းလင်းတင်ပြ ခဲ့ပြီး တက်ရောက်လာကြသော ရပ်ကွက်နှင့် ကျေးရွာပါတီဥက္ကဋ္ဌ များက မိမိတို့ရပ်ကွက်ကျေးရွာများ အလိုက် ပါတီလုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအားတင်ပြ၍ သိရှိလိုသည် များအား မေးမြန်းကြသည်။

ထို့နောက် ဗဟိုအလုပ်အမှု ဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌက ရပ်/ကျေးပါတီဥက္ကဋ္ဌများ၏ မေး မြန်းချက်များအား ပြန်လည်ဖြေ ကြားပြီး နိဂုံးချုပ်အမှာစကားပြော ကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ် ပါတီကော်မတီဝင်ဦးခင်မောင်ဇော်၊ သထုံခရိုင် ပါတီဥက္ကဋ္ဌ ဦးကျော် မြင့်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးစောဥာဏ်ဝင်း၊ ခရိုင်ပါတီကော် မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ် ကွက်နှင့်ကျေးရွာပါတီဥက္ကဋ္ဌများ တက်ရောက်ကြကြောင်း သိရ သည်။

နိုင်နိုင်(မွန်)