ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ၂ဝ၁၈ ခုနှစ် ဒုတိယသုံးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

လားရှိုး ဇူလိုင် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ ၂ဝ၁၈ ခုနှစ် ဒုတိယသုံးလပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက လားရှိုးမြို့ရှိ ပြည်နယ် ပါတီရုံးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အစည်းအဝေးတက် ရောက်လာသူများက နိုင်ငံတော် သီချင်းသီဆို၍ အခမ်းအနားဖွင့် လှစ်သည်။

ယင်းနောက် ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစိုင်းသန်း ဝင်းက နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး၊ဒုတိယဥက္ကဋ္ဌဦးအောင် သူကအမှာစကားပြောကြားသည်။

ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်းက အစည်း အဝေးကျင်းပခြင်းအစီအစဉ်များ ကိုရှင်းလင်းတင်ပြပြီးတက်ရောက် လာသူများကလုပ်ငန်းဆောင်ရွက် ချက်များကို ဆွေးနွေးကြသည်။

ယနေ့ကျင်းပသော ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယသုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ကော်မတီဝင်များ၊ ရှမ်း/ မြောက်ဒေသအတွင်းရှိခြောက်ခရိုင်၊ ၁၉ မြို့နယ်မှ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေး မှူး၊ စီမံတာဝန်ခံနှင့် အကြီးတန်း စာရေးဝန်ထမ်းများစုစုပေါင်းအင်အား ၁ဝဝ ကျော် တက်ရောက်ကြပြီး အစည်းအဝေးကို ယခုလ ၈ ရက် နေ့မှ ၉ ရက်အထိ နှစ်ရက်တိတိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

စိုင်းခမ်းကော်