မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ဖူဆယ်ဘောလုံး အား ကစား ဖွင့်ပွဲအခမ်းအနား တက်ရောက်

 

မိုးကောင်း။ ဇူလိုင် ၆

ကချင်ပြည်နယ် မိုးကောင်းမြို့ အထက်ရှမ်းစု လျက်စစ်ဓာတ်ဓါတ်အား ခွဲရုံအနီး ရှမ်းမျိုးနွယ်စု ဓမ္မာရုံအဝင်းထဲတွင် ဖူဆယ် ဘောလုံးအားကစားကွင်းအဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈း၀၀ နာရီအချိန်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။
အခမ်းအနားတွင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဌ ဦးထွန်းထွန်းအောင်နှင့် မြို့နယ်ကော်မတီဝင် ဦးမြင့်စိုး၊ ဦးငွေရှိန်း၊ ဦးသန်းစိုးတို့သည် ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ဖူဆယ်ဘောလုံးအားကစားကွင်း ဖွင့်ပွဲအခမ်းနားသို့ စည်ကားစွားဖြင့် တက်ရောက်ခဲ့ပါသည်။

kosoe