သံတွဲခရိုင် လုပ်ငန်းညှိနိုင်းအစည်းအဝေး ကျင်းပ

 

သံတွဲခရိုင် လုပ်ငန်းညှိနိုင်းအစည်းအဝေးကိုသံတွဲခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ (၃ – ၇ -၂၀၁၈) နေ့လည် (၂:၃၀) အချိန်တွင် မနက် ၁၀နာရီအချိန်တွင်ကျင်းပခဲ့သည်၊၊
အဆိုပါ အစည်းအဝေးသို့ ပြည်နယ် ကော်မတီဝင်ဦးတင်မောင်သန်ုး၊ ခရိုင်ဥက္ကဋ္ဌ ဦးကျော်ဇင်၊ ခရိုင် အတွင်းရေးမှူး ဒေါ်ဝင်းမင်းမာထွန်း/ဘဏ္ဍာရေးမှူး ဦးဝင်းသိန်းနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်၊၊
၎င်းအစည်းအဝေးတွင် ပြည်နယ်ကော်မတီဝင် ဦးတင်မောင်သန်းမှ ပါတီ၏ ရှေ့ဆက်လုပ်ငန်းများ ချမှတ်ချက်များကို စွမ်းစွမ်းတမံလုပ်ဆောင်ရန်နှင့်ပါတီတွင်းစည်းလုံး ညီညွတ်ရန်တို့ကို အကျယ်တဝန့် ပြောကြားခဲ့သည်၊၊
ဆက်လက်၍ ခရိုင်ဥက္ကဌ မှ ပြည်နယ်၏ ချမှတ်ချက်များကို လုပ်ဆောင်ရန်နှင့် မြို့နယ်များ၏ ဆောင်ရွက်ချက်နှင့် ဆောင်ရွက်နေမူများကို အကျယ်တဝန်းပြောကြားခဲ့သည်၊၊
ထို့အပြင် အတွင်းရေးမှူး ဒေါ်ဝင်းမင်းမာထွန်းမှ ပါတီ၏ဆောင်ရွက်ချက်များနှင့် ဆောင်ရွက်နေမူများကို အကျယ်တဝန့်ပြောကြားကာ တက်ရောက်လာသော ကော်မတီများမှ မိမိ၏နယ်မြေအလိုက်ဆောင်ရွက်နေမူများ၊ အခက်အခဲများစသည်တို့ကို အပြန်အလှန်ဆွေးနွေးတိုင်ပင်ကြကာ အခမ်းအနားကို နေ့လည် (၁ ) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

TD (USDP)