မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမျိုးသမီးရေးရာကော်မတီနှင့်အိမ်တွင်းမှုလုပ်ငန်းပညာသင်ကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၂/၂၀၁၈) ဖွင့်ပွဲအခမ်းအနား

 

မိုးကောင်း၊ ဇူလိုင် ၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာကော်မတီနှင့် အိမ်တွင်းမှုလုပ်ငန်းပညာသင်ကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းအမှတ်စဉ် (၂/၂၀၁၈) ဖွင့်လှစ်ခဲ့ပါသည်။
အခမ်းအနားတွင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဌ ဦးထွန်းထွန်းအောင်မှ အဖွင့်အမှာစကားပြောကြားပြီး အိမ်တွင်းမှုလုပ်ငန်း ပညာသင်ကျောင်းမှ စက်ချုပ်သင်ဆရာမကြီး ဒေါ်ခင်သဲစုမှလည်း စက်ချုပ်သင်တန်းသူလေးများကို အမှာစကားပြော၍ မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စောနန်းကြည်မှ လည်း လမ်းညွှန်းအမှားစကားပြောကြားပြီး မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီးဥက္ကဌ ဦးထွန်းထွန်းအောင်မှ စက်ချုပ်အသုံးဆောင်ပစ္စည်းများကိုလည်း အမျိုးသမီးရေးရာကော်မတီ စက်ချုပ်သင်တန်းသူလေးများကို ထောက်ပံပေးအပ်ခဲ့ပါသည်။
အခမ်းအနားတွင် မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးကော်မတီဝင်များနှင့် အမျိုးသမီးရေးရာကော်မတီဝင်များ တက်ရောက်ပြီး အင်အား (၅၅) ဦး အခြေခံစက်ချုပ်သင်တန်း တက်ရောက်သူအမျိုးသမီးငယ်များ အင်အား (၄၇) ဦးတို့သည် စုစုပေါင်း အခမ်းအနား တက်ရောက်သည့်ဦးရေ (၁၀၂) ဦး တက်ရောက်ခဲ့ပါသည်။

kosoe