ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ပါတီများနှင့်ဒီမိုကရေစီဆိုင်ရာဒိန်းမတ်အင်စတီကျုမှ တာဝန်ရှိသူများအားလက်ခံတွေ့ဆုံ

 

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်သည် ပါတီ များနှင့်ဒီမိုကရေစီဆိုင်ရာဒိန်းမတ် အင်စတီကျု(DIPD)မှ တာဝန်ရှိသူ များအား ယနေ့ နံနက် ၉ နာရီခွဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဌာနချုပ် နေပြည်တော် ဧည့်ခန်းမ(၅)တွင် လက်ခံတွေ့ဆုံ သည်။

ယင်းသို့တွေ့ဆုံရာတွင်ဒေသန္တရ လုပ်ငန်းစဉ်များနှင့် အမျိုးသမီး ကဏ္ဍ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူးဒေါက်တာ စန်းစန်းနွယ်နှင့်အတူ ဗဟိုအလုပ် အမှုဆောင် ဦးလှသိန်း၊ ဗဟိုကော် မတီဝင် ဒေါ်ခင်ရွှေမြင့်တို့ တက် ရောက်ခဲ့ကြပြီး ပါတီများနှင့် ဒီမို ကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီ ကျု(DIPD) မှ ဒေါ်ချောစန္ဒီနှင့် အတူ အဖွဲ့ဝင်နှစ်ဦးတက်ရောက်ခဲ့ ကြောင်း သိရသည်။

မိုးဇော်(နေပြည်တော်)