ရွှေကျင်မြို့နယ် သရက်ချောင်းကျေးရွာတွင် ပါတီဝင်အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲ ပြုလုပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအား ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် သရက်ချောင်းကျေးရွာအုပ်စု သရက်ချောင်းကျေးရွာ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်…
အခမ်းအနားအား နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ကြသည် အစီအစဉ်အရ ရွှေကျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်…
ထို့နောက် တက်ရောက်လာသော ပါတီဝင်အသစ် တစ်ဦးမှ ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့ပြီးနောက်
အစီအစဉ်အရ ပါတီဝင်အဆိုပြုလွှာများအား ရွှေကျင်မြို့နယ် ပါတီဥက္ကဋ္ဌနှင့် ကျေးရွာဥက္ကဋ္ဌတို့က အသစ်ဝင်ရောက်လာသော ပါတီဝင် (၁၂၂၇) ဦး၏ ပါတီဝင်အဆိုပြုလွှာများအား ပေးအပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ပဲခူးတိုင်းဒေသကြီး တိုင်းပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းမှ လက်ခံရယူခဲ့သည် …
ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ ပါတီ၏မူဝါဒများ ပါတီ၏သမိုင်းကြောင်းများအား တက်ရောက်လာသောပါတီဝင်အသစ်များကို ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ခွန်း ဆက်အမှာစကားပြောကြားခဲ့သည်…
ပြီးနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ပဲခူးတိုင်းဒေသကြီး တိုင်းတာဝန်ခံ ဦးလှသိန်းမှ လက်ရှိနိုင်ငံရေးအခြေအနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေများအား ရှင်းလင်းပြောကြားခဲ့သည်…
ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး တွဲဘက်တာဝန်ခံ ဒေါက်တာပွင့်စန်းမှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီးနောက်
ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ပဲခူးတိုင်းဒေသကြီး တိုင်းပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းမှ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည် …
ထို့နောက် ဗဟိုအတွင်းရေးမှူးနှင့် အဖွဲ့မှ တက်ရောက်လာသော ပါတီဝင်အသစ်များအား ပါတီရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခဲ့ကြသည်…
ထို့နောက် အစိမ်းရောင်များနဲ့လှနေသည် သီချင်းဖွင့်လှစ်၍ အခမ်းအနားရုပ်သိမ်းခဲ့ကြသည်…
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးနှင့် ဗဟိုကော်မတီဝင်များ ပဲခူးတိုင်းဒေသကြီး တိုင်းပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းနှင့် တိုင်းကော်မတီများ ခရိုင်ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ခရိုင်ကော်မတီဝင်များ ပဲခူးခရိုင် (၈) မြို့နယ်မှ ပါတီဥက္ကဋ္ဌများနှင့် မြို့နယ်ကော်မတီဝင်များ ရွှေကျင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် မြို့နယ်ကော်မတီဝင်များ ရပ်ကျေးကော်မတီများနှင့် အသစ်ဝင်ရောက်လာသော ပါတီဝင်အသစ်များ စုစုပေါင်း အင်အား ၁၅၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်…