ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အမှာစကားပြောကြား

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ သင်တန်းခန်းမတွင် နိုင်ငံရေး စီမံခန့်ခွဲမှု နည်းပြသင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားအား ယနေ့ နံနက် ၉ နာရီခွဲအချိန် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ တက်ရောက် အဖွင့် အမှာစကားပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်မှုဆောင်များ၊ ဗဟိုကော်မတီဝင်များတက်ရောက်ခဲ့ကြသည်။ ထို့နောက် နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ်စဉ်(၄) သင်တန်းသားများအား ပါတီ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။