ကျောက်ဆည်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီကေဒါဖွဲ့စည်းမျက်နှာစုံညီအစည်းအဝေးကွင်းဆင်းဆောင်ရွက်`

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှအဖွဲ့ (၁)ခေါင်းဆောင် ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးသန်းထွန်းနှင့် အဖွဲ့ဝင်သုံးဦးတို့သည် ယခုလ ၄ ရက် နံနက် ၈ နာရီတွင် ရဲယမန်း သမန်းသာ၊ ရဲရွာ၊ ကြောင်ရွာ၊ သရက်ပင်ကျေးရွာ တောင်တန်း ဒေသများသို့ ပါတီဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းအခန်း(၄) အပိုဒ်(၆)အရ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီ ကေဒါဖွဲ့စည်းခြင်း မျက်နှာစုံညီ အစည်းအဝေးကျင်းပခြင်းများ ပြု လုပ်ခဲ့ကြကြောင်းသိရသည်။

အဆိုပါအုပ်စု ပါတီကေဒါဖွဲ့ စည်းခြင်း မျက်နှာစုံညီအစည်း အဝေးကျင်းပရာသို့ မြို့နယ်ပြည်ခိုင် ဖြိုးပါတီအတွင်းရေးမှူး ဦးသန်း ထွန်း အဖွဲ့(၁)ခေါင်းဆောင်နှင့် မြို့ နယ်ကော်မတီဝင် နယ်မြေတာဝန်ခံ များ၊ ရပ်မိရပ်ဖများ၊ ကျေးလက် ပါတီဝင်များတက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဦးသန်းထွန်း အဖွဲ့(၁)ခေါင်းဆောင်က အမှာ စကားပြောကြားရာ ယခုလို ပါတီ ကေဒါဖွဲ့စည်းခြင်း မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ကြ သည့် ရွာမိရွာဖများအား ဦးထိပ် ထားပါကြောင်း၊ ရပ်မိရပ်ဖများ၏ ဆန္ဒသဘောထား၊ အကြံဥာဏ်များ ရယူပြီး ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ ပါတီဝင်များအနေဖြင့် မိမိပါတီ လုပ်ငန်းများ စဉ်ဆက်မပြတ်ဆက် လက် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ မိမိတို့ပါတီအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ် ထားဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားသည်။

ထို့နောက် ရဲယမန်းအုပ်စုတွင် (ပ) ခေါင်းဆောင် ဦးစောနောင်၊ (ဒု) ခေါင်းဆောင်ဦးကျော်မျိုးသန့်၊ ကြောင်ကျေးရွာအုပ်စုတွင် (ပ) ခေါင်းဆောင်ဦးထွား၊ (ဒု)ခေါင်း ဆောင်ဦးစံသိန်း၊ သရက်ပင်သမန်း သာကျေးရွာတွင် (ပ)ခေါင်းဆောင် ဦးဆန်းဦး၊ (ဒု)ခေါင်းဆောင်ဦးမျိုး ခင်တို့အား အသိအမှတ်ပြုတင် မြှောက်ခဲ့ကြပြီး ရပ်/ကျေး ၉၆ခု တွင် အုပ်စု ၉ဝ ပြီးစီးခဲ့ကြောင်း သိရသည်။

သီဟထွန်း(နဝရတ်မြေ)


Leave a Reply