ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တာဝန်ပေးအပ်ခြင်းနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲကျင်းပ

 

မိုးနဲ ဇွန် ၁၁

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် နမ့်မော် ဆွမ့်ကျေးရွာအုပ်စု ကတ်နောက် ကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာ အုပ်စုဥက္ကဋ္ဌတာဝန်ပေးအပ်ခြင်းနှင့် ပါတီဝင်အဆိုပြုလွှာပေးအပ်ပွဲအခမ်း နားကို ယနေ့ နံနက် ၉ နာရီက ဦးဝင်းကိုနေအိမ်၌ကျင်းပခဲ့သည်။

ရှေးဦးစွာ လင်းခေးခရိုင်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဆွေက နှုတ်ခွန်း ဆက်စကားပြောကြားပြီး မြို့နယ် ပါတီဥက္ကဋ္ဌ ဦးအုန်းကျော်က ပါတီ ဝင်အဆိုပြုလွှာပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား ခဲ့ပြီး မြို့နယ်ဥက္ကဋ္ဌက နမ့်မော် ဆွမ့်ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ တာဝန်ခန့်အပ်လွှာကို ဦးစန်းမောင်အားလည်းကောင်း၊ ကတ်နောက်ရွာ ပါတီဝင်အဆိုပြု လွှာ ၃၂စောင်အား ကျေးရွာကိုယ် စားလှယ်တစ်ဦးက ခရိုင်ဥက္ကဋ္ဌထံ သို့လည်းကောင်း ပေးအပ်ခဲ့သည်။

အဆိုပါ ကျေးရွာအုပ်စု ဥက္ကဋ္ဌ တာဝန်ပေးအပ်ခြင်းနှင့် ပါတီဝင် အဆိုပြုလွှာပေးအပ်ခြင်းအခမ်းအနား သို့လင်းခေးခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဆွေနှင့် ပါတီ အတွင်းရေးမှူး ဦးစိုင်းချစ်ဦး၊ မြို့နယ် ပါတီဥက္ကဋ္ဌနှင့်ကော်မတီ ဝင်များ၊ ပါတီဝင်အဆိုပြုလွှာတင် သွင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)