ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီဝင် အဆိုပြုလွှာနှင့် ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ခြင်း

 

လွိုင်ကော်မြို့ – ဇွန် ၁၁

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် အဆိုပြု လွှာနှင့် ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ပွဲ အခန်းအနားကို ယနေ့ နေ့လည် (၁၂း၅၀)နာရီအချိန် ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်းမတွင် ပြည်ခိုင်ဖြိုးပါတီဝင် အဆိုပြုလွှာနှင့် ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ ပြုလုပ်ပါသည်။
ပထမဦးစွာ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်လာကြ သော ပါတီဝင်အသစ်များအား ဗဟိုအတိုင်ပင်ခံ (ကယားပြည်နယ်တာဝန်ခံ) ဦးဝင်းမြင့်နှင့် ပြည်ခိုင်ဖြိုးပါတီ၊ (ဗဟိုအလုပ်အမှုဆောင်) ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းတို့က နွေးထွေးစွာဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆို ကြပါသည်။
အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်း ဖြင့်သီဆို ဖွင့်လှစ်ပါသည်။ ယင်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေး ပါတီ ဗဟိုအတိုင်ပင်ခံ (ကယားပြည်နယ်တာဝန်ခံ) ဦးဝင်းမြင့်မှလမ်းညွှန် အမှာစကား ပြောကြားသွားပါသည်။ ဆက်လက်ပြီး ပြည်ခိုင်ဖြိုးပါတီ၊ (ဗဟိုအလုပ်အမှုဆောင်) ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ အမှာစကား ပြောကြားပါသည်။
ယင်းနောက် လွိုင်ကော်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးမောင်ရွှေမှ ပါတီဝင်အဆိုပြုလွှာ အစောင်(၃၀၀)နှင့် ပါတီဝင်နှစ်စဉ်ကြေး သုံးသိန်းကျပ် အားလည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဒေါ်မေးရီယန်မှ ပါတီဝင်အဆိုပြုလွှာ အစောင်(၈၀)နှင့် ပါတီဝင်နှစ်စဉ်ကြေး ရှစ်သောင်း ကျပ် အားလည်းကောင်း၊ ၊ ဖရူဆိုမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးဆားရယ် မှ ပါတီဝင်အဆိုပြုလွှာ(၁၀၃)စောင်နှင့် ပါတီဝင်နှစ်စဉ်ကြေး တစ်သိန်းနှင့် သုံးထောင်ကျပ် အားလည်းကောင်း၊ ရှားတောမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်အန်ဂျလေးနာမလေးမှ ပါတီဝင်အဆိုပြုလွှာ(၁၇၈) စောင်နှင့် ပါတီဝင်နှစ်စဉ်ကြေး တစ်သိန်းခုနှစ်သောင်းရှစ်ထောင်ကျပ်အား လည်းကောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ (ကယားပြည်နယ်တာဝန်ခံ) ဦးဝင်းမြင့်ထံ အသီးသီး ပေးအပ်သွားပါသည်။
ဆက်လက်ပြီးဘောလခဲမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးစိုးရယ်မှ ပါတီဝင်အဆိုပြုလွှာ (၁၂)စောင်နှင့် ပါတီဝင်နှစ်စဉ်ကြေး တစ်သောင်းနှစ် ထောင်ကျပ်အားလည်းကောင်း၊ ဖါးဆောင်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးခင်မောင်ညိုမှ ပါတီဝင်အဆိုပြုလွှာ (၁၀၈)စောင်နှင့် ပါတီဝင်နှစ်စဉ်ကြေး တစ်သိန်းရှစ်ထောင်ကျပ် အားလည်းကောင်း၊ ၊ မယ်စဲ့မြို့နယ်၊ ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌဦးလောရင်းမှ ပါတီဝင်အဆိုပြုလွှာအစောင်(၉၀)နှင့် ပါတီဝင် နှစ်စဉ်ကြေး ကိုးသောင်းကျပ်အားလည်းကောင်း ကယားပြည်နယ်၊ ပြည်ခိုင် ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း(ဗဟိုအလုပ်အမှုဆောင်)ထံ အသီးသီး ပေးအပ်သွားပါသည်။
ယနေ့ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီသို့ အသင်ဝင်ရောက်လာ သော ပါတီဝင်ဦးရေမှာ(၈၇၁)ဦးရှိပြီး ပါတီဝင်နှစ်စဉ်ကြေးမှာ (၈၇၁၀၀၀) ကျပ် ပေးအပ်သွားပါသည်။
ယနေ့ကျင်းပပြုလုပ်သော အခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်ရခြင်းနှင့် ပတ်သက်၍ လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု၊ လွယ်တမူကျေးရွာမှ ပါတီဝင်အသစ် မောင်မျိုးသန့်အောင်နှင့် မယ်စဲ့မြို့နယ် ဟိုစဲ့မြို့သစ်ရပ်ကွက် နန်းခိုင်သစ္စာစိုးတို့က မိမိသဘောထားများကို အသီးသီး ရှင်းလင်းတင်ပြသွားပါသည်။
အခမ်းအနားအပြီးတွင် အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင် ပင်ခံ (ကယားပြည်နယ်တာဝန်ခံ) ဦးဝင်းမြင့် ဦးဆောင်သောအဖွဲ့သည် ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်လာသော ပါတီဝင်အသစ်များအား ပါတီရင်ထိုးတံဆိပ်များကို အသီးသီးတပ်ဆင်ပေးသွားပါသည်။
ယနေ့ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ (ကယား ပြည်နယ်တာဝန်ခံ) ဦးဝင်းမြင့်နှင့် ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှုဆောင်) ပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ ဗဟိုကော်မတီဝင်များဖြစ် ကြသော ဦးလူရယ်ဖိုးလူ၊ ဦးကိုရယ်၊ ဘောလခဲမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ် ကြသည့် ဦးစိုးရယ်နှင့် ဦးအေးရွှေ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေ၊ ပြည်နယ်ပါတီနယကကြီးများ၊ ပြည်နယ်ပါတီ ယာယီအတွင်း ရေးမှူးနှင့် ကော်မတီဝင်များ၊ လွိုင်ကော်ခရိုင်၊ ဘောလခဲခရိုင်နှင့် မြို့နယ် (၇)မြို့နယ်မှ ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ အသစ်ဝင်ေ ရာက်လာကြသော ပါတီဝင်များ စုစုပေါင်းအင်အား(၃၀၀)ဦးတက်ရောက်ပြီး ( ၁း၄၅)နာရီတွင် ပြီးစီးကြောင်းနှင့် အခမ်းအနားအပြီးတွင် ဗဟိုအတိုင်ပင်ခံ ဦးဆောင်သောအဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာသော ပါတီဝင်များနှင့် ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြောင်း သတင်းရရှိသည်။

မမောင် မမောင်