ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

လွိုင်ကော်၊ ဇွန် ၇

ယနေ့ ၇ – ၆ -၂၀၁၈ ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ (၁၂း၃၀)နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။
ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးလူရယ်ဖိုးလူနှင့် ဦးကိုရယ်၊ ပြည်နယ်ပါတီနာယကများ ဖြစ်ကြသော ဦးတောရယ်နှင့် ဒေါ်စုလေးဖြူ၊ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးမော်ရယ်၊ ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဦးအောင်နိုင်ဦး၊ ဒေါ်ဗျားမြာမောင်နှင့် ဒေါ်နန်းယဉ်သီတာထွေး၊ လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမောင်ရွှေတို့ တက်ရောက်ကြောင်း သိရှိရသည်။

ထာဝရ ထာဝရနြေချစ်သူ မြေချစ်သူ