မရမ်းကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နွေရာသီအင်္ဂလိပ်စာသုံးလသင်တန်းဆင်းပွဲကျင်းပ

 

ရန်ကုန် ဇွန် ၆

ရန်ကုန် အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦး ဆောင်မှုဖြင့် ယခုနှစ်နွေရာသီ အင်္ဂလိပ်စာ (Busic Grammar Summer Camp)အခမဲ့ သုံးလ သင်တန်းဆင်းပွဲ အခမ်းအနားကို (၁)ရပ်ကွက်ပါတီရုံးခန်းမ၌ ယမန် နေ့ မွန်လွဲပိုင်းက ကျင်းပခဲ့ရာ မြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမင်း သိန်းထွန်းက သင်တန်းဆင်းအမှာ စကားပြောကြားခဲ့သည်။

အခမ်းအနားသို့ အခြေခံပညာ စတုတ္ထတန်း၊ ပဉ္စမတန်းနှင့် ဆဋ္ဌမ တန်းတို့တွင်တက်ရောက်သင်ကြား နေသော ကျောင်းသား ကျောင်းသူ ၅ဝနှင့် မိဘအုပ်ထိန်းသူများတက် ရောက်ကြပြီး ဆရာမဒေါ်ရွှေရီက သင်တန်းဆင်းလက်မှတ်များပေး အပ်ကာ သင်တန်းဆရာမများအား ကျောင်းသား ကျောင်းသူများက ဂါရဝပြုလက်အုပ်ချီမိုးကန်တော့ခဲ့ ကြ၍ ဇာတိမာန်တေးသီချင်းဖြင့် သံပြိုင်သီဆို ရုပ်သိမ်းခဲ့ကြသည်။

အေးကြည်မ(သမိုင်း)