ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ အောင်လောဒ်ဒေသမှ လ၀ါးကက်သလစ်ဘုရားကျောင်းတွင် ခေတ္တ မှီခိုနေကြသည့် စစ်ရှောင်မိသားစုများထံသို့ သွားရောက်လှူဒါန်း

ဖားကန့်၊၂၈.၅.၂၀၁၈

ဖားကန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအင်ဖရောင်းဂမ်သည် မြို့နယ်ပါတီကော်မတီဝင် ကာမိုင်းဒေသတာဝန်ခံ ဦးကျော်မျိုး၊ ဦးလဝါး၊ အုပ်စုပါတီဥက္ကဌ ဦးလဝါးဇော်မိုင်၊ အတွင်းရေးမှူး ဦးဖန်းလနှင့် အမာခံပါတီဝင်များ မြန်မာနိုင်ငံကိုယ်စားပြု ဆုတောင်းအဖွဲ့ ကချင်ပြည်နယ်တာဝန်ခံနှင့်အဖွဲ့ဝင် (၈) ဦးတို့နှင့်အတူ တနိုင်းမြို့နယ် အောင်လောဒ်ဒေသ မှလဝါးကက်သလစ်ဘုရားကျောင်းတွင် ခေတ္တမှီခိုနေကြသည့်စစ်ရှောင်မိသားစု (၄၁) စုထံသို့ သွားရောက်ကာ ဆုတောင်းခွန်အားပေးခြင်း၊ ပြည်ခိုင်ဖြိုးပါတီနှင့်အလှူရှင်ဒေါ်လဘန်ခေါန်ဆန်း လှူဒါန်းသည့် ဆန် (၂၀) အိတ်ကို စခန်းတာဝန်ခံသို့ လက်ရောက်ပေးအပ်ခြင်း၊ ရန်ကုန်ဆုတောင်းအဖွဲ့က လှူဒါန်းသော အလှူငွေဖြင့် နွား ၂ ကောင်ဝယ်ယူကာ စစ်ရှောင်မိသားစုတစု အမဲသား (၁) ပိဿာစီ ခွဲဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားသို့ ကာမိုင်းမြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင် လဝါးအုပ်စုအုပ်ချုပ်ရေးမှူး ဦးလဝါးလဂျာနှင့် စခန်းတာဝန်ခံများ စစ်ရှောင်မိသားစု (၁၂၀) ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

Htay Win‎