တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲ ကျင်းပ

တောင်တွင်းကြီး၊ မေ ၂၇

တောင်တွင်းကြီးမြို့နယ် အင်ကုန်းကျေးရွာအုပ်စု ရွှေအင်ပင်ကျေးရွာမှ ပြည်သူ ၁၅၇ ဦး သည် ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်လာသည့်အတွက် ပါတီဝင်အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲကို ၂၇.၅.၂၀၁၈ ရက် နေ့လည် ၁ နာရီခွဲတွင် ၄င်းကျေးရွာ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုပါတီကော်မတီဝင် ဦးသန်းဝင်း၊ တောင်တွင်းကြီးမြို့နယ် ပါတီဥက္ကဌ ဦးကြည်သိန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ အင်ကုန်းကျေးရွာအုပ်စု ပါတီဥက္ကဌ ဦးမောင်ငွေနှင့် ရပ်ကျေး ကော်မတီဝင်များ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်ပါတီကော်မတီဝင် (နယ်မြေတာဝန်ခံ) ဦးအောင်နိုင်ဝင်းက အခမ်းအနားကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ပါတီဥက္ကဌ ဦးကြည်သိန်းက ပါတီဝင်အသစ်များအား ကြိုဆို နုတ်ခွန်းဆက်စကားနှင့် ပါတီ၏မူဝါဒ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပါသည်။

ထို့နောက် ဗဟိုပါတီကော်မတီဝင် ဦးသန်းဝင်းက လက်ရှိ မြန်မာနိုင်ငံရေးဖြစ်စဉ်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြီး ရွှေအင်ပင်ကျေးရွာ ရွာခွဲပါတီခေါင်းဆောင် ဦးဆန်းဝင်းက ပါတီဝင်အဆိုပြုလွှာများအား ပေးအပ်ရာ မြို့နယ်ပါတီဥက္ကဌ ဦးကြည်သိန်းက လက်ခံရယူပြီး ပါတီဝင်အသစ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။