စစ်တွေမြို့နယ် ရေချမ်းပြင်ကျေးရွာ၌ ကျေးရွာသူ/သား (၁၃၁) ဦး ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်

၂၀၁၈ ခုနှစ် မေလ (၂၇) ရက်နေ့ နေ့လည် (၁၃း၀၀) အချိန်တွင် စစ်တွေမြို့နယ် ရေချမ်းပြင်ကျေးရွာ ဓမ္မာရုံ၌ ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်)၊ ဘဏ္ဍာရေးမှူး ဦးသန်းထွန်း (ဗဟိုကော်မတီဝင်)၊ စစ်တွေခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်စိုး၊ ခရိုင်ဘဏ္ဍာရေးမှူး ဒေါ်မြမြအေး၊ စစ်တွေမြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီဝင်အသစ်များ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုကာ ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်မှ ပါတီဝင်သစ်များအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောပြီး ရေချမ်းပြင်ကျေးရွာ ပါတီဝင်သစ်တစ်ဦးမှ ပြည်ခိုင်ဖြိုးပါတီသို့ ၀င်ရောက်ရ ခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့ပြီး ပါတီဝင်သစ် (၁၃၁) ဦး၏ အဆိုပြုလွှာများကို ကျေးရွာပါတီစည်းရုံးရေးမှူးမှ မြို့နယ်ပါတီဥက္ကဋ္ဌ ထံသို့ပေးအပ်ခဲ့သည်။ ထို့နောက် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေနှင့် အဖွဲ့ဝင်များမှ ပါတီဝင်သစ်များအား ပါတီရင်ထိုးတံဆိပ်များအား တပ်ဆင်ပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာပြီးဆုံးခဲ့ ကြောင်းနှင့် ရေချမ်းပြင်ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်သစ်အား စိုက်ထူခဲ့ကြကာ အမွှေးနံ့သာရေများဖြင့် ပတ်ဖြန်းကာ အခမ်းအနားကို အောင်မြင်စွာပြီးဆုံးခဲ့ကြသည်။

TM