ခရိုင် / မြို့နယ် အမှုဆောင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပုဏ္ဏားကျွန်း၊ မေလ ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပုဏ္ဏားကျွန်းမြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့ကြသည်။

အဆိုပါအစည်းအဝေး၌ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဝင်း မှာအဖွင့်အမှာစကားပြောကြားရာ မြို့နယ်ပါတီကော်မတီ များ ယခုကဲ့သို့ စုံစုံညီညီ တက်ရောက်လာကြသည့်ကို ကျေးဇူးတင်ရှိကြောင်း ယခုအစည်းအဝေးပြုလုပ်ရခြင်း သည် ပြည်နယ် / ခရိုင် တို့မှ မြို့နယ်တွင်းရှိ ကျေးရွာများ၌ ရွာလုံးကျွတ် ပါတီဝင်ကဒ် ထုတ်ပေးနိုင်ရေးအတွက် ရရှိနိုင်မည့် ကျေးရွာအခြေအနေများအား သိရှိနိုင်ရေးကိစ္စများနှင့် ရှင်းလင်းပြောကြားခဲ့သည်။

အစည်းအဝေးတွင် ခရိုင်ကော်မတီဝင် / မြို့နယ်တာဝန်ခံ ဦးသာထွန်းအေးမှ ယခုကဲ့သို့ မြို့နယ်ကော်မတီဝင် များအား တက်တက်ကြွကြွဖြင့်တွေ့မြင်ရသည့်ကို ဝမ်းသာကျေနပ်ရကြောင်းနှင့် မိမိတို့ပါတီအနေဖြင့် ၂၀၂၀ အောင်နိုင်ရေးအတွက်လည်း စည်းရုံးရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်နေကြရမည့်ဖြစ်ကြောင်း ကျေးရွာ ဒေသအခြေအနေများကိုလည်း ( လူထု ) သုံးသပ်ကာ လုပ်ဆောင်နေကြရန်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

PNG USDP