ပုလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စုပေါင်းအဆိုပြုလွှာပေးအပ်ပွဲကျင်းပ

24.5.2018

၂၀၁၈ ခုနှစ် မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် တနသာင်္ရီတိုင်းဒေသကြီး ပုလောမြို့နယ် ကဒဲကျေးရွာ အုပ်စုအတွင်းရှိ ရွာများဖြစ်သော ပဝတ်ကုန်းရွာ၊ လက်ပံပြင်ရွာ၊ ကဗျာကျေးရွာ၊ ပဝတ်ဖျားရွာများမှ ပြည်သူများ ရွာလုံးကျွတ်နီးပါး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်ခြင်း၊ ပါတီဝင်အဆိုပြုလွှာများ စုပေါင်း ပေးအပ်ပွဲအခမ်းအနားအား ပဝတ်ဖျားကျေးရွာ ခရစ္စယာန်ချပ်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းဖြင့်စတင်ပြီး ပြည်ခိုင်ဖြိုးပါတီမှ မြိတ်ခရိုင်ပါတီအတွင်းရေးမှူး ဦးအောင်ဇော်မိုးမှ အဖွင့်အမှာစကားပြောကြားကာ ပုလောမြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှစိုးမှ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းပြောကြားပြီး ပါတီဝင်အဆိုပြုလွှာများအား ပါတီဝင်များသို့ပေးအပ် ကာ အခမ်းအနားကို နံနက် ၉ နာရီခွဲအချိန်တွင် ပြီးမြောက်ခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများ၊ စုပေါင်းပါတီဝင်ရောက်ကြသည့် ကဒဲကျေးရွာအုပ်စုအတွင်းရှိ ရွာများမှ ပြည်သူများ စုစုပေါင်းအင်အား ၂၀၀ ဦးခန့် တက်ရောက်ကြောင်းသိရပါသည်။

ဓူဝံကြယ်