ဥရောပတွင် တန်ဖိုးအရှိဆုံး ကလပ်အဖြစ် မန်ယူဆက်ရှိနေ

မန်ယူသည် တန်ဖိုးယူရို ၃ ဒသမ ၂၅ ဘီလီယံ (ပေါင် ၂ ဒသမ ၉ ဘီလီယံ) ဖြင့် တန်ဖိုးအရှိဆုံး ဥရောပကလပ်အဖြစ် ဆက် လက် ရပ်တည်နေကြောင်း စီးပွားရေး ဝန်ဆောင်မှုအုပ်စု KPMG ၏ ဖော်ပြချက်အရသိရသည်။
KPMG ၏ လေ့လာမှုစာရင်းတွင် ပရီးမီးယားလိဂ်ကလပ် မန်ယူသည် ရီးရဲလ်နှင့် ဘာစီလိုနာတို့ ကို ကျော်ဖြတ်၍ ထိပ်ဆုံး၌ရှိနေသည်။ ၂၀၁၅-၁၆ နှင့် ၂၀၁၆- ၁၇ ဘောလုံးရာသီကို အခြေခံထားသော ယင်းလေ့လာမှုက အသင်းများ၏ အမြတ်ထွက်မှု၊ ရုပ်သံ ထုတ်လွှင့်ခွင့်များ လူကြိုက်များမှု၊ အားကစားအလားအလာနှင့် ဘောလုံးကွင်း တန်ဖိုးတို့ကို လေ့လာ ထားခြင်းဖြစ်သည်။

ယင်းစာရင်းတွင် ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်လီဗာပူး သည် နံပါတ် (၈) နေရာ၌ ရပ်တည်နေသည်။ အဓိက အသင်း ၃၂ သင်းကို လေ့လာရာတွင် ပရီးမီးယားလိဂ် ကလပ်များသည်ထိပ်ဆုံး ၁၀ သင်းအနက် ခြောက်နေရာ၌ ပါဝင်နေသည်။

မန်ယူ၊ ရီးရဲလ်၊ ဘာကာတို့ နောက်တွင် ဘိုင်ယန် (တန်ဖိုးယူရို ၂ ဒသမ ၅၅ ဘီလီယံ)၊ မန်စီးတီး (ယူရို ၂ ဒသမ ၁၆ ဘီလီယံ) နှင့် အာဆင်နယ် (ယူရို ၂ ဒသမ ၁၀ဘီလီယံ)တို့ အသီးသီးရှိနေသည်။

အာဆင်နယ် နောက်တွင် ချယ်လ်ဆီး၊ လီဗာပူး၊ ဂျူဗင်တပ် နှင့် စပါးတို့ ရှိနေသည်။ ယင်းစာရင်း၏ ထိပ်ဆုံးအသင်း ၂၀ တွင် ဝက်စ်ဟမ်း၊ လက်စတာနှင့် အဲဗာတန်တို့လည်း ပါဝင်သည်။

နာပိုလီသည် ယင်းစာရင်းတွင် အီတလီ၏ဒုတိယ တန်ဖိုးအရှိဆုံးအသင်းအဖြစ် ရပ်တည်ခဲ့ သည်။ ၂၀၁၅-၁၆ နှင့် ၂၀၁၆- ၁၇ ရာသီတွင် မန်ယူသည် အက်ဖ်အေဖလား၊ လိဂ်ဖလားနှင့် ယူရိုပါလိဂ်ဖလားတို့ ရရှိခဲ့သော်လည်း လက်ရှိ၌ ဖလားလက်မဲ့ဖြစ်ခဲ့သည်။

ဘောလုံးအားကစားနယ် ပယ်၏ အလုံးစုံတန်ဖိုးလည်း ပြီးခဲ့သည့်နှစ်ကထက် ပိုများလာကြောင်း KPMG  အကြီးအကဲ ဆာတိုရီကပြောသည်။

—Ref:BBC