မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နမ့်ကုတ်ကျေးရွာ ဓမ္မာရုံသစ်တည်ဆောက်ရေး အတွက် အလှူငွေထည့်ဝင်လှူဒါန်းခြင်း

(17-5-2018)

မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မိုင်းဖြတ်ခရိုင် ပါတီအတွင်းရေးမှူးနှင့် ခရိုင် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များလိုက်ပါလျက် မိုင်းယုမြို့၊ တာကြန့်ကျေးရွာ အုပ်စု နမ့်ကုတ်ကျေးရွာသို့ ကွင်းဆင်း၍ ကျေးရွာဓမ္မာရုံသစ် တည်ဆောက်ရေးအတွက် အလှူငွေနှစ်သိန်းကျပ် ထည့်ဝင်လှူဒါန်းခဲ့ပါသည်။ ထို့နောက် နားမက်ကျေးရွာသို့ သွားရောက်ပြီး တာကြန့်ကျေးရွာအုပ်စု ရပ်ကျေးပါတီဥက္ကဌ နေအိမ်သစ်တက်ပွဲကို တက်ရောက်ချီးမြင့်ခဲ့ပါသည်။ ၎င်းနောက် အထူးဒေသ (၄) ကျိုင်းရဲသို့ သွားရောက်၍ မိုင်းယောင်း – မိုင်းယုဒေသကို လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေသော မိုင်းဝရေအားလျှပ်စစ် ဓါတ်အားခွဲစက်ရုံသို့ သွားရောက်လေ့လာခဲ့ပါသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ