မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သံဃာအပါး ၁၂၇ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူ

 

အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ စိန္တိတာလင်္ကာရ (နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ နိုင်ငံ့စွမ်းဆောင်ရည်ဆုရှင်) ဆရာတော် ကြီး၏ ဂုဏဝိသိဋ္ဌပူဇော်ပွဲ မော်လမြိုင်ကျွန်းမြို့နယ် ပစ္ဆိမာရုံကျောင်းတွင် ယနေ့ညနေ ၄ နာရီခွဲက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပင့်သံဃာအပါး ၁၂၇ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲနှင့် လှူဖွယ်ပစ္စည်းကပ်လှူခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ် ပါတီအတွင်းရေးမှူးဦးအောင်ဇော်လှိုင်၊ မြို့နယ်ဘဏ္ဍာရေးမှူးဦးသောင်းဦးနှင့် မြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီလူငယ်များ စုပေါင်းပါဝင်လှူဒါန်းခဲ့ခြင်းဖြစ်သည်။