ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီလူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲမှလူငယ်ထုအသံ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ် ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲကို တိုင်းဒေသကြီးပါတီရုံးအစည်းအဝေး ခန်းမ၌ မေ ၇ရက် နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။ အဆိုပါ ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီလူငယ်ညီလာခံအကြို လူငယ်နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသည့် လူငယ်များကို တွေ့ဆုံမေးမြန်းခဲ့ရာ ထိုလူငယ်များ၏ ဖြေကြားခဲ့သည့် အသံများကို ဖော်ပြအပ်ပါသည်။
မောင်အောင်သက်ဟန်
(တာမွေမြို့နယ်)
—————————
ကျွန်တော် ၂ဝ၁၂ ခုနှစ်ကနေစပြီး ပါတီရဲ့ပရဟိတလုပ်ငန်းတွေ စိတ်ဝင် စားလို့ လေ့လာတယ်။ လေ့လာတဲ့အခါ မှာ ပါတီရဲ့ရည်မှန်းချက်တွေ ကြိုက်နှစ် သက်လို့ ပါတီဝင်ပြီးတော့မှ ၂ဝ၁၈ ခုနှစ် မှာ ပါတီဝင်တစ်ယောက်အနေနဲ့ ဒီအခမ်း အနားကို တက်ရောက်တာဖြစ်ပါတယ်။လူငယ်ညီလာခံအတွက် မြို့နယ်တွေက ကျင်းပပြီးသွားပါပြီ။ မြို့နယ်တွေမှာSlection ရွေးထားတာ ၃ဝ လောက်ရှိ တယ်။ တက်တဲ့လူဆိုရင်တော့ ၂ဝဝ နဲ့ ၃ဝဝ ကြားမှာရှိတယ်။ ဒီအခမ်းအနားကြီး တစ်ခုလုံးမှာဆိုရင်တော့ လူငယ် ၅ဝဝ လောက်တက်တယ်။ တက်လာတဲ့လူတွေ ကလည်း မြို့နယ်ကနေ တစ်ဦးချင်း၊ တစ်ဦးချင်း ရွေးချယ်လာတာဖြစ်တယ်။နိုင်ငံတော်အတွက်၊ ကျွန်တော်တို့ ပြည် ခိုင်ဖြိုးပါတီအတွက် လူငယ်တွေအားသစ် လောင်းတာလည်းဖြစ်တယ်။ ၂ဝ၂ဝ ပါတီအောင်နိုင်ရေးကိုလည်း ရည်ရွယ် ပါတယ်။ ၂ဝ၂ဝ ပါတီအောင်နိုင်ရေးက လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ပါတီ အောင်နိုင်ရေးက အင်မတန်မှ အရေးကြီးပါတယ်။ ကျွန် တော်တို့ ပါတီအောင်နိုင်မှသာ နိုင်ငံတော် အတွက်၊ ပြည်သူအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်တဲ့ အနေအထားမှာ ရှိ တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့လူငယ် တွေကလည်း ၂ဝ၂ဝ ပါတီအောင်နိုင်ရေး အတွက် အားသွန်ခွန်စိုက် စွမ်းစွမ်းတမံ ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီက လူမျိုးမရွေး၊ ဘာသာမရွေး ဝင်ခွင့်ရှိတယ်။ သို့သော် နိုင်ငံရဲ့ လူအများစုကိုးကွယ်တဲ့ ဗုဒ္ဓ ဘာသာကို အင်မတန်မှ အလေးအမြတ် ထားတယ်။ နောက်ပြီးတော့ ပြည်သူ တွေရဲ့ အမျိုးသားအကျိုးစီးပွားကိုလည်း ရှေးရှုဆောင်ရွက်တယ်ပေါ့နော်။ ဒီကျွန် တော်တို့ လုပ်ကိုင်ဆောင်ရွက်ခဲ့တာတွေ က အမျိုးသား အကျိုးစီးပွားနဲ့ သွေဖည် ပြီး ဆောင်ရွက်ခဲ့တာ မရှိဘူးပေါ့နော်။ ဒါကြောင့်မို့ ကျွန်တော်တို့ပါတီအတွက် အင်မတန်ဂုဏ်ယူစရာကောင်းတဲ့ အချက် လည်းဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံကို နိုင်ငံတကာကနေပြီးတော့ ဘက်စုံထောင်စုံ ကနေပြီးတော့ တိုက်ခိုက်နေကြတာပေါ့ နော်။ ဒါကိုကျွန်တော်တို့ အစိုးရရော၊ လွှတ်တော်ရော၊ ပါတီရော၊ တပ်မတော် ရော၊ ပြည်သူရော အားလုံးညီညီညွတ် ညွတ်နဲ့ဖြေရှင်းရမယ်။ မီဒီယာရဲ့အားတွေ လည်း လိုပါတယ်။ အရေးအကြီးဆုံးက လူငယ်ထုတွေကြားထဲမှာ ရခိုင်ပြည်နယ် ရဲ့အခြေအနေတွေကို ရှင်းရှင်းလင်းလင်း နားလည်ရမယ်။ နားလည်တယ်ဆိုတဲ့ နေရာမှာ ကိုယ့်ပြည်တွင်းရေးသာမကဘဲ နိုင်ငံတကာအခြေအနေပေါ့နော်။ တရုတ် နိုင်ငံရဲ့ ၂၁ ရာစု စီးပွားရေးစီမံကိန်းကြီး တွေ စူပါပါဝါတွေ ကြားထဲမှာ အားပြိုင် နေတဲ့ အခြေအနေပေါ့နော်။ နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး ပေါ့နော်။ အဲဒါတွေကို နားလည်ပြီးတော့မှ ကျွန်တော်တို့က နိုင်ငံရေး၊ လူမှုရေးအခြေ အနေတွေကို ဆောင်ရွက်နေကြတာဖြစ် ပါတယ်။
ဖြိုးမောင်မောင်
(ဒလမြို့နယ်)
——————-
ကျွန်တော် ဒီပါတီစဝင်တာ ၂ဝ၁ဝ ပေါ့။ ၂ဝ၁ဝ ပါတီစဖွဲ့တဲ့အချိန်မှာ လူငယ် အသစ်နဲ့ပါလာတယ်။ ပါလာပြီးတော့မှ ၂ဝ၁၂ election လုပ်တဲ့အချိန်မှာ ကျွန်တော် မြို့နယ်ကော်မတီဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးတော့ ကျွန်တော် မြို့နယ်ကော်မတီဝင်အဖြစ် တာဝန်ထမ်း ဆောင်နေပါတယ်။ ဒီလိုဝင်လာရတဲ့ အကြောင်းရင်းက အမျိုးဘာသာသာသနာ အတွက် နောက်ပြီးတော့ ဒီပါတီကို ကျွန်တော်တို့ ယုံကြည်တယ်။ လူငယ် တွေအတွက်ကို တကယ်တမ်းနေရာလည်း ပေးတယ်။ ပြီးတော့ အခြားပါတီနဲ့ မတူ ဘူး။ အမျိုးဘာသာသာသနာကို ပြည် ခိုင်ဖြိုးပါတီက စွမ်းစွမ်းတမံလုပ်တဲ့ အတွက် ကျွန်တော်တို့လူငယ်တွေအနေနဲ့ စိတ်ပါဝင်စားမှုရှိတဲ့အတွက် ဒီပါတီကို ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။၂ဝ၂ဝ ရည် မှန်းချက်က အခု ဒီလိုမျိုးညီလာခံတွေ လုပ်ပေးတာကို ကျွန်တော်တို့လူငယ်တွေ အနေနဲ့ အရမ်းလည်းကျေနပ်တယ်။ လူငယ်ဆိုတာ ဘာပဲပြောပြော နေရာလေး တစ်ခုပေးတာကို လိုချင်တာပေါ့။ အဲဒီလို လိုချင်တဲ့အတွက် အခုလိုပါတီက နေရာ လေးတစ်ခုဖန်တီးပေးတာကို အင်မတန်မှ လည်း ကျေးဇူးတင်တယ်။ ၂ဝ၂ဝ မှာ လူငယ်တွေအနေနဲ့လည်း စိတ်အားထက် သန်လာပြီးတော့ ပါတီအောင်နိုင်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်သွားပါမယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော် တို့မြို့နယ်အဆင့်မှာ ညီလာခံလုပ်ပြီးပြီ။မြို့နယ်အဆင့်မှာဆိုရင် လူငယ် ၇ဝဝ နီးပါးလောက်ပေါ့။ အခုဆိုရင်NVCကတ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ လူငယ် တွေ ထပ်ပြီးလုပ်ဖို့ရှိပါတယ်။ လူငယ် တွေ တက်တက်ကြွကြွနဲ့ ၂ဝ၂ဝ ပါတီ အောင်နိုင်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန် တော်တို့အစိုးရတုန်းက လမ်းတွေ၊ တံတား တွေ၊ ဆေးရုံတွေ၊ သောက်ရေကန်တွေ၊ သုံးရေကန်တွေ အများဆုံးလုပ်ပေးခဲ့ တယ်။ နောက်ဗျာ NVCကတ်နဲ့ပတ် သက်ပြီး လက်ရှိအစိုးရကို ကန့်ကွက် ရှုတ်ချပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါမဖြစ်သင့်တဲ့အရာတစ်ခုပါ။ ဒီ NVC ကတ်နဲ့ ဒီဘင်္ဂါလီတွေကို လွတ်လွတ် လပ်လပ်သွားလာခွင့်ပြုလိုက်မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်သည် မင်းမဲ့ တိုင်းပြည်ဖြစ်သွားပြီ။ အဲဒီတော့ တာဝန် ယူမှု တာဝန်ခံမှုရှိရမယ်။
မချိုဝေနှင်း
(ကျောက်တံတားမြို့နယ်)
———————————
အရင် ညီမက ပါတီတွေ၊ နိုင်ငံရေး အကြောင်းတွေ သိပ်စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ ညီမအဖေက ညီမတို့ မြို့နယ်မှာ ပြည်ခိုင်ဖြိုးမြို့နယ်ကော်မတီဝင်ဆိုတော့ လက်ရှိနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေ လေးတွေပြောပြတယ်။ အရင်စိတ်မဝင် စားတဲ့ ညီမက ကိုယ့်နိုင်ငံကိုယ့်လူမျိုး အတွက် စိတ်ပါဝင်စားပြီး ပါတီဝင်ဖြစ် လာတာပါ။ အခု နိုင်ငံနဲ့လူမျိုးအတွက်ဆို ဒီပြည်ခိုင်ဖြိုးပါတီကို အယုံကြည်ဆုံး ပါပဲ။ သူများပါတီတွေနဲ့လည်း မတူဘူး။ လူငယ်ကဏ္ဍအနေနဲ့ ၂ဝ၂ဝ ပါတီအောင် နိုင်ရေးအတွက် ညီမတို့ အများကြီး ဆောင်ရွက်နေပါတယ်။ အခုဆိုလူငယ် တွေအများကြီး ရှေ့ကိုထွက်လာပြီ။ ညီမ တို့ လူငယ်တွေအားနဲ့အောင်နိုင်ရမယ်။ ယုံလည်းယုံကြည်တယ်။ အခုဆိုပါတီ က လူငယ်ကဏ္ဍနဲ့ပတ်သက်ပြီး အများ ကြီးဆောင်ရွက်ပေးတယ်။ လူငယ်တွေ ကို ရှေ့ထုတ်ပြီ။ လူငယ်အသံတွေလည်း ထွက်လာတယ်။ ရခိုင်အရေးနဲ့ပတ်သက် ရင် မဖြစ်သင့်တာတွေကို မြင်နေတယ်။ ညီမတို့က ဗုဒ္ဓဘာသာလေ။ အခုက နိုင်ငံရေးက ရှုပ်နေတာ။ ကိုယ့်အမျိုးသား အကျိုးစီးပွားကိစ္စမဟုတ်တဲ့ ကိစ္စတွေ အတွက် ရှုပ်နေတယ်။
မခင်ဇာနည်သန့်
(ဒဂုံအရှေ့ပိုင်းမြို့နယ်)
—————————–
ညီမက ၂ဝဝ၃ ခုနှစ် အသင်းဘဝက တည်းက ပါဝင်လာတာပါ။ ပါတီက အခုလို ညီလာခံတွေ လုပ်ပေးနေတဲ့ အတွက် ဘယ်လိုလှုပ်ရှားရမယ်ဆိုတာ သိတယ်။ အခု ၂ဝ၂ဝ မှာ အောင်နိုင်ဖို့ လူငယ်တွေက အဓိကပါတယ်။ လူငယ် တွေရဲ့အားနဲ့ ၂ဝ၂ဝ မှာ အောင်နိုင်မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လူကြီး နဲ့လူငယ်ယှဉ်လိုက်မယ်ဆိုရင် လူငယ်တွေ က တက်သစ်စတွေဖြစ်နေတဲ့အတွက်ITနဲ့ယှဉ်လိုက်မယ်ဆိုရင်ITပိုင်းဆိုင်ရာ နည်းပညာတွေမှာ အများစုလူငယ်တွေ က သာတယ်။ နောက်တစ်ခု သွက်လက် တယ်။ အဲဒီအတွက်ကြောင့်မို့ ၂ဝ၂ဝ ပါတီအောင်နိုင်ရေးအတွက် ဘယ်လို လုပ်ရမယ်ဆိုတာ ဒီလူငယ်ညီလာခံတွေ က ဆောင်ရွက်ပေးနေပါတယ်။ ဒီညီလာခံ က Plan တွေ ချမှတ်ပေးတယ်။ ဒါ ကြောင့် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ သိလာတယ်။ အရင်တုန်းက ဘယ်လို လုပ်ရမယ်ဆိုတာ မသိဘူး။ လူငယ်တွေ ရဲ့အားက အဓိကအချက်ဖြစ်နေတယ်။ ပါတီက သင်တန်းတွေ အများကြီးဖွင့် ပေးတယ်။ ကွန်ပျူတာသင်တန်းတွေ၊ နိုင်ငံခြားဘာသာစကားသင်တန်းတွေ၊ နောက်တစ်ခုက အတတ်ပညာနဲ့ပတ်သက် တဲ့ စက်ချုပ်ပညာတွေ၊ ဇာထိုးပန်းထိုး သင်တန်းတွေစတဲ့ အိမ်တွင်းမှုသင်တန်း တွေက အခြေခံပညာဆုံးခန်းတိုင်အောင် မသင်ကြားခဲ့သူတွေအတွက် အဆင်ပြေ တယ်။ အခုလို လုပ်ပေးခြင်းအားဖြင့် လူငယ်တွေဟာ ကိုယ်ပိုင်အသိဥာဏ်၊ ကိုယ်ပိုင်အတတ်ပညာနဲ့ လာမယ့် ၂ဝ၂ဝ မှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။ ပါတီက ဒီလိုဆောင်ရွက်တာတွေ၊ ဒီလိုညီလာခံ တွေ ဆောင်ရွက်ပေးတဲ့အတွက် အများ ကြီး အထောက်အကူပြုပါတယ်။ ၂ဝ၂ဝ ရွေးကောက်ပွဲအပေါ်လည်း အောင်နိုင် မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။အောင်နိုင်ဖို့က လူတစ်ဦးတစ်ယောက် တည်း လုပ်လို့မရဘူး။ အစုအဖွဲ့အားနဲ့ လုပ်မှ အဆင်ပြေမှာပါ။ မြို့နယ်တိုင်းက လူငယ်တွေ၊ လူငယ်တွေစုစည်းမယ်ဆိုရင် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။
မသူဇာခင်
(ရွှေပြည်သာမြို့နယ်)
————————–
ဒီပါတီက အမျိုးဘာသာ သာသနာ အတွက် စိတ်ချရတယ်။ အမျိုးသားလုံခြုံ ရေးကို ရှေးရှုတယ်။ နောက်ပြီးတော့ နိုင်ငံတော် လုံခြုံရေးနဲ့ အမျိုးသားရေးနဲ့ ပတ်သက်ရင် လွတ်လပ်စွာ လှုပ်ရှားခွင့် ပြုတယ်။ အဲဒီဆောင်ပုဒ်လေးကို ကြိုက် လို့ ကျွန်မ ဒီပါတီထဲကို ဝင်ခဲ့တာပါ။ အခု ပါတီဝင်တာ နှစ်နှစ်ရှိသွားပါပြီ။ အခု ၂ဝ၂ဝ မှာ ပါတီအောင်နိုင်ရေးကို ကျွန်မတို့ရည်ရွယ်ထားပါတယ်။ အရင် ကထက်စာရင်တော့ ပါတီမှာ အများ ကြီးကောင်းလာတယ်လို့ မျှော်မှန်းထားပါ တယ်။ အရင်ကဆိုရင် ပါတီထဲမှာတော့ ရှိတယ်ပေါ့နော်။ ပါတီဝင်ထားပြီးတော့ မဲမပေးတဲ့သူတွေ၊ အဲဒီလိုလူတွေရှိတယ်။ ပါတီထဲမှာ အလုပ်လုပ်တဲ့သူတွေ၊ အလုပ် မလုပ်တဲ့ သူတွေရှိပါတယ်။ အခု ညီမတို့ က ပါတီအောင်နိုင်ရေးအတွက် အားသွန် ခွန်စိုက်လုပ်နေတဲ့အတွက် ပါတီအောင် နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ပါတီ ကနေ ပါတီဝင်မဟုတ်ရင်တောင် လူငယ် တွေနဲ့ပတ်သက်ရင် အသိပညာ၊ အတတ် ပညာသင်တန်းတွေကို ရပ်ကွက်၊ကျေးရွာ တွေအထိ လိုက်လံစုစည်းပြီး သင်ပေးပါ တယ်။ အဲဒီအတွက် မဲဆွယ်သင်ပေးတာ လည်း မရှိပါဘူး။ အခုပါတီကို လူငယ် တွေ စိတ်ဝင်စားမှုရှိပါတယ်။ သူတို့ကိုယ် တိုင်လည်း ညီမတို့ကို ကြည့်တယ်ပေါ့ နော်။ သူတို့ချစ်ခင်အောင်နေတယ်။ အဆင် ပြေအောင်နေတယ်။ လူကြီးသူမတွေ ချစ်ခင်အောင်လည်းနေတယ်။ အတတ်နိုင် ဆုံး သာရေး၊ နာရေးကအစ အဆင်ပြေ အောင်လုပ်ပေးတဲ့အတွက် ညီမတို့ အဆင် ပြေပါတယ်။ အခုဆို ပါတီထဲကို ဝင်လာ သူတွေအများကြီးပါ။