ဒေါ်လာ ဘီလီယံပေါင်းများစွာတန် အပန်းဖြေစခန်းကို ဆော်ဒီအာရေဗီးယားမှာ ဖွင့်လှစ်

ဆော်ဒီအာရေဗီယားဘုရင်ဆယ်လ်မန် နဲ့ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် တို့ဟာ ကြီးမားကျယ်ပြန့်တဲ့ အပန်းဖြေစခန်း Qiddiya ဖွင့်ပွဲကို ဧပြီ ၂၈ ရက်နေ့က တက်ရောက်ခဲ့ကြပါတယ်။

ထိုပန်းဖြေစခန်းကို စီးပွားရေးအခွင့်အလမ်းတွေ တိုးမြှင့်ဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ဖွင့်လှစ်တာဖြစ်ပါတယ်။
မြို့တော် Riyadh ကနေတစ်နာရီခန့်သွားရင် ရောက်ပြီဖြစ်တဲ့ Qiddiya ကို ၃၃၄ စတုရန်းကီလိုမီတာ (ဧက-၈၄၀၀) ရှိတဲ့ မြေနေရာမှာ ဆောက်လုပ်ထားတာဖြစ်ပြီး Disney world အရွယ်အစားထက် နှစ်ဆကျော်ခန့် ကျယ်တယ်လို့သိရပါတယ်။

ထိုအပန်းဖြေစခန်းမှာ Six Flags ဥယျာဉ်တစ်ခု၊ရေပန်းဥယျာဉ်တွေ၊ အားကစားကွင်း၊ ယဉ်ကျေးမှု ဆိုင်ရာ အခမ်းအနားပြုလုပ်မယ့် ခန်းမတွေ နဲ့အပန်းဖြေအိမ်လေးတွေ ပါဝင်ပါတယ်။

Qiddiya ရဲ့ပထမအပိုင်း ကို ၂၀၂၂ ခုနှစ်မှာ ဖွင့်လှစ်မှာဖြစ်ပြီး နှစ်စဉ်ခရီးသွား ၁ ဒသမ ၅ သန်းကို ဆွဲဆောင်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ ထိုနေရာရဲ့ အခြေခံအဆောက်အအုံ ကုန်ကျစရိတ်မှာ ၃၀ ဘီလီယံ အထိရှိနေပြီး ထိုပရောဂျက် အတွက်ဆော်ဒီ သုံးငွေဘီလီယံ ပေါင်းများစွာ ကုန်ကျမယ်မှာဖြစ်ပါတယ်။ မင်းသား မိုဟာမက် နဲ့သူ့ဖခင်တို့ဟာ ခမ်းနားထည်ဝါတဲ့ ထိုအဆောက်အအုံ ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။

‘ဒေသခံတွေနဲ့ဆော်ဒီအာရေဗီယား ကိုလာတဲ့ ခရီးသွားတွေအတွက် ဖျော်ဖြေမှုအသစ်တစ်ခုအဖြစ် ကျွန်တော်တို့ဖန်တီးထားတာပါ’လို့ Qiddiya ရဲ့စီအီးအို မိုက်ကယ် ရီနင်ဂျာ က ထိုအခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံခြား ဧည့်သည်တော်တွေနဲ့စီးပွားရေး လုပ်ငန်းရှင်တွေကို ပြောခဲ့ပါတယ်။

Qiddiya ဟာ ပြည်တွင်းနဲ့ ပြည်ပ အရင်းမြစ်တွေက ရင်းနှီးမြှုပ်နှံမှုတွေရဖို့ကြိုစားနေပါတယ်လို့ ပြည်သူ့ ရင်းနှီးမြှုပ်နှံမှု (PIF) က ပြောပါတယ်။ Qiddiya မှာ လူပေါင်း ၅၀ တိုက်ရိုက် အလုပ်ခန့်အပ်ထားပြီး ၂၀၂၂ ခုနှစ်မှာ ၀န်ထမ်းပေါင်း ၅၅၀၀၀ အထိခန့်အပ်ဖို့ မျှော်လင့်ထားပါတယ်။ ထိုပရောဂျက် ဟာ ပြည်တွင်း ဖျော်ဖြေရေး၊ ယဉ်ကျေးမှုနဲ့အားကစား လူပ်ရှားမှုတွေအတွက် အဓိရည်ရွယ် ပြုလုပ်ဖြစ်ကြောင်း သိရပါတယ်။

Ref;Channelnewsasia