ဒိုင်လူကြီးကို တိရစ္ဆာန်နဲ့ ဘူဖွန်နှိုင်းခဲ့ပေမယ့် ဒါဟာပင်နယ်တီဘဲလို့ စီရော်နယ်ဒိုပြော

ဂျူဗင်တပ်အသင်းဂိုးသမား ဘူဖွန်က ရီးရဲလ်ကို ၃-၁ နဲ့ရှုံးခဲ့တဲ့ပွဲမှာ နောက်ကျပင်နယ်တီပေးခဲ့တဲ့ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာရဲ့ဆုံးဖြတ်ချက်ကို အပြင်းအထန်ဝေဖန်လိုက်ပြီး တိရိစ္ဆာန် တစ်ကောင်လိုပြုမူခဲ့တယ်လို့ ပြေလိုက်ပါတယ်။

အင်္ဂလိပ်ဒိုင်လူကြီးဖြစ်တဲ့ အိုလီဗာဟာ နာကျင်အချိန်ပိုမှာ ဗက်ဇ်ကွက်ကို ဘင်နာတီယာက ဖျက်တာကြမ်းလို့ဆိုပြီး ပင်နယ်တီပေးခဲ့လို့ အငြင်းပွားဖွယ်ဖြစ်ခဲ့တာပါ။ ဒီအချန်မှာဂျူဗင်တပ်က ၃ ဂိုးပြတ်နိုင်နေလို့ ပထမအကျော့ ရလဒ်အတိုင်း ဖြစ်ခဲ့သေးတာကြောင့် အချိန်ပိုဆက်ကစားရမယ်လို့ ထင်ခဲ့ကြသေးတာပါ။ ဒါကြောင့် အသက် ၄၀ ရှိပြီဖြစ်တဲ့ ဘူဖွန်ဟာလည်း ဒေါသထွက်ပြီး အိုလီဗာကို ကိုယ်ထိလက်ရောက် ပြုမူခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါ သေးတယ်။

ပင်နယ်တီကို စီရော်နယ်ဒိုက ကန်သွင်းယူခဲ့ချိန်မှာ ပွဲချိန်က ၉၇ မိနစ်တောင် ရှိနေပါပြီ။ ဒီလိုပင်နယ်တီဟာ ၁၀ ကြိမ်မှာ တစ်ကြိမ်တောင် မပေးသင့်တာဖြစ်လို့ ဘူဖွန်က အပြင်းအထန် ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။
စီရော်နယ်ဒိုကတော့ ဂျူဗင်တပ်ကစားသမားတွေဟာ သူ့ကို တစ်ချိန်လုံး လူချနေကြောင်း၊ ဘင်နာတီယာမဖျက်ရင် ဗက်ဇ်ကွက်က ဂိုးသွင်းနိုင်မှာဖြစ်လို့ ဒါဟာ ပင်နယ်တီဘဲဖြစ်တယ်လို့ ပြောသွားပါတယ်။

 

-Ref; Sky sports