တောင်တရုတ်ပင်လယ်ပြင်ကိစ္စများ အမေရိကန်နှင့် မသက်ဆိုင်ကြောင်း တရုတ် ပြော

13325625_1714571522116682_6085333344117540958_n

ပေကျင်း ဇွန် ၂

အမေရိကန်အနေဖြင့် တောင်တရုတ်ပင်လယ်အရေးကိစ္စအပေါ် ၄င်း၏မူဝါဒများဖြင့် မဆုံးဖြတ်သင့်ကြောင်း၊ အငြင်းပွားကျွန်းများတွင် ဘက်လိုက်မှု မပြုဟုဆိုသည့် ကတိကို တည်သင့်ကြောင်း ထိပ်တန်းတရုတ်သံအမတ် တစ်ဦးက တရုတ်-အမေရိကန် လုံခြုံရေးဆွေးနွေးပွဲမတိုင်မီ ကြာသပတေးနေ့က ပြောခဲ့သည်။

တောင်တရုတ်ပင်လယ်ပြင်၌ တရုတ်ထိန်းချုပ်ထားရာကျွန်းများအနီး အမေရိကန်စစ်ဘက်ဆိုင်ရာလှည့်ကင်းများ ဆောင်ရွက်နေမှုကို တရုတ်နိုင်ငံဘက်မှ အလိုမကျမှုများ ဖြစ်ပေါ်နေသည်။

အမေရိကန်ဘက်ကလည်း ရေကြောင်း လွတ်လပ်စွာ သွားလာမှုများကို ကာကွယ်မှုပြုလုပ်ရန် လှည့်ကင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောသည်။

တောင်တရုတ်ပင်လယ်ပြင်ကိုဖြတ်၍ နှစ်စဉ် ဒေါ်လာ ၅ ထရီလီယံခန့် ကုန်သွယ်မှုပြုခြင်းကို တရုတ်နိုင်ငံဘက်မှ မကျေနပ်မှုများ မြင့်တက်လျက်ရှိနေပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား ၊ ထိုင်ဝမ်နှင့်ဘရူနိုင်းတို့ကလည်း ဝါရှင်တန်နှင့် စစ်ရေး ပူးပေါင်းစစ်ဆင်ရေးများ ပြုလုပ်နေသလို တောင်တရုတ်ပင်လယ်အရေးကိစ္စအပေါ် မကျေနပ်မှု များ ဖြစ်ပေါ်နေသည်။

လာမည့်သီတင်းပတ်တွင် ပေကျင်း၌ အမေရိကန် အရာရှိများနှင့် အဆင့်မြင့်အစည်းအဝေး မကျင်းပမီ ရှေ့ပြေး
အနေဖြင့် ကျင်းပသော အစည်းအဝေးတစ်ခု၌ တရုတ်နိုင်ငံခြားရေး ဒုတိယဝန်ကြီး စန်စီကျောင်က ၄င်း၏ နိုင်ငံသည် တောင်တရုတ်ပင်လယ်ပြင်၌ ရေကြောင်းဆိုင်ရာ အခွင့်အရေးများနှင့် ၄င်း၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် တာဝန်ရှိသည်ဟု ပြောခဲ့သည်။

တောင်တရုတ်ပင်လယ်ငြင်းပွားကျွန်း၌ အမေရိကန်သည် တောင်တရုတ်ပင်လယ်အရေးကို တိုက်ရိုက်ပတ်သက်သူ မဟုတ်ကြောင်း၊ နယ်မြေအငြင်းပွားမှုများတွင် ၄င်းအနေဖြင့် ရပ်တည်စရာမလိုကြောင်း စန်က ပြောသည်။

(ရိုက်တာ)


Leave a Reply