ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ လူငယ်စွမ်းရည်မြှင့်တင်ရေး အထွေထွေဥာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ
ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ လူငယ်စွမ်းရည်မြှင့်တင်ရေး အထွေထွေဥာဏ်စမ်းပဟေဠိပြိုင်ပွဲကို (၂၁.၃.၂၀၁၈) ရက်နေ့ နံနက် (၉း၀၀) နာရီတွင် ခရိုင်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်အနားသို့ ဗဟိုကော်မတီဝင် တိုင်းပါတီကော်မတီဝင် (အနောက်ပိုင်းခရိုင်နယ်မြေခွဲတာဝန်ခံ) ဦးတင်ဝင်း၊ ဦးတင်လှိုင်၊ ဒေါ်သင်းသင်းမိုး၊ ဗဟိုကော်မတီဝင် တိုင်းပါတီကော်မတီဝင် (လူငယ်တာဝန်ခံ) ဒေါ်မိုးမိုးအိ၊ တောင်ပိုင်းခရိုင်ပါတီကော်မတီဝင် ဒေါ်အေးအေးမြင့ိ၊ အနောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးနေဝင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ အနောက်ပိုင်းခရိုင်(၁၃)မြို့နယ်မှ ပါတီဥက္ကဌ၊အတွင်းရေးမှူးနှင့် ပြိုင်ပွဲဝင်လူငယ်တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။
မောင် ကြယ်စင် ဦး