ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားအမှတ်စဉ်(၂)သင်တန်းဖွင့်ပွဲကျင်းပ

 

ရန်ကုန် မတ် ၂ဝ

ရန်ကုန်တိုင်းဒေသကြီး တောင် ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ခိုင် ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့် ပွားအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉နာရီခွဲက မြို့နယ် ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို နိုင်ငံတော် အလံအားအလေးပြုကာ ဖွင့်လှစ် ခဲ့ပြီး ရန်ကုန်တောင်ပိုင်းခရိုင် ပြည် ခိုင်ဖြိုးပါတီ ခရိုင်အတွင်းရေးမှူး ဦးအောင်ကျော်မင်းက ပါတီ၏ မူဝါဒဆိုင်ရာများ၊ ပါတီ၏လှုပ်ရှား ဆောင်ရွက်မှုအခြေအနေများ ပြော ကြားခဲ့သည်။

ဆက်လက်၍ ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးကျော် ဇင်ဟိန်းက လတ်တလောဖြစ်ပျက် နေသော တိုင်းပြည်၏အခြေအနေ များနှင့် ပါတီ၏ဆောင်ရွက်နေမှု များအား ရှင်းလင်းပြောကြားကာ နံနက် ၁ဝ နာရီခွဲတွင် အခမ်းအနား ပြီးဆုံးခဲ့ပြီး သင်တန်းဆရာများက ဆက်လက်သင်ကြားပို့ချကြသည်။

အဆိုပါသင်တန်းသို့ ကော့မှူး မြို့နယ်တွင်း ရပ်ကွက်ကျေးရွာတို့မှ ပါတီဝင် ၆၂ ဦးတို့တက်ရောက် ကြပြီး သင်တန်းကာလမှာ ယခုလ ၂၂ရက်အထိ သုံးရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)