ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကစားသမားတစ်ချို့အတွက် ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲရန် နောက်ဆုံး အခွင့်အရေး ဟု မက်ဆီ ပြောကြား

ရုရှားမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ လက်ရှိလက်ရွေးစင်အသင်း ကစားသမားအစုအဖွဲ့အတွက် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ က ပြောကြားခဲ့ပါတယ်။

မက်ဆီနဲ့ အာဂျင်တီနားအသင်းတို့ဟာ ၂၀၁၄ကမ္ဘာ့ဖလား၊ ၂၀၁၅နဲ့ ၂၀၁၆ ကိုပါအမေရိကဖလား ပြိုင်ပွဲ(၃)ခုဆက် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပေမယ့် ဗိုလ်စွဲခဲ့ခြင်း မရှိပါဘူး။ Ballon d’Or ဆုကို (၅)ကြိမ် ရရှိခဲ့တဲ့ မက်ဆီဟာ ဇွန်လမှာ အသက်(၃၁)နှစ်ပြည့်မှာဖြစ်ပြီး အဂွဲရိုး၊ ဟီဂူအင်၊ ဒီမာရီယာ၊ အော်တာမန်ဒီနဲ့ မာရှေးယာနိုတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ချိန်မှာ အသက်(၃၀)နဲ့အထက် ရှိနေမှာပဲ ဖြစ်ပါတယ်။

မက်ဆီက “ဒီပြိုင်ပွဲမှာ ချန်ပီယံ မဖြစ်ဘူးဆိုရင် ကျွန်တော်တို့အတွက် နောက်ထပ်အခွင့်အရေးရှိတော့မှာ မဟုတ်ဘူးလို့ ခံစားရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာဗိုလ်စွဲဖို့ မျှော်မှန်းထားတယ်လို့ မက်ဆီကဖွင့်ဟခဲ့ပါတယ်။

 

-Ref; Sky sports