ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဥက္ကဌနှင့် ကော်မတီဝင်များ တာဝန်ပေးအပ်ပွဲ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးပါတီဥက္ကဌနှင့် ကော်မတီဝင်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားအား ၁၅.၃.၂၀၁၈ ရက်နေ့ နေလည် ၁ နာရီအချိန်က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ကြသည်
အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့ကြပြီး တက်ရောက်လာသော ရပ်ကွက်ဥက္ကဌများနှင့် ပါတီဝင်များက အသီးသီး မိတ်ဆက်ခဲ့ကြသည်
ထို့နောက် ဗဟိုကော်မတီဝင် တိုင်အတွင်းရေးမှူး ဦးသာဝင်းက အဖွင့်အမှာစကားနှင့် ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်
ဆက်လက်၍ တက်ရောက်လာသော ရပ်ကွက်ဥက္ကဌများနှင့် ကော်မတီဝင်များအား အရှေ့ပိုင်းခရိုင်ဥက္ကဌ ဦစိန်မြင့်မှ ဥက္ကဌတာဝန် ပေးအပ်လွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်
ထို့နောက် တက်ရောက်လာသော ရပ်ကွက်ပါတီဥက္ကဌ တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနာအား ရုပ်သိမ်းခဲ့သည် အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်းအတွင်းရေးမှူး ဦးသာဝင်း အရှေ့ပိုင်းခရိုင်ပါတီဥက္ကဌ ဦးစိန်မြင့် ခရိုင်ကော်မတီဝင်များ မြို့နယ်ဥက္ကဌနှင့် ကော်မတီဝင်များ ရပ်ကွက် (၂၀) မှ ရပ်ကျေးဥက္ကဌများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Crd;