ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလှူငွေပေးအပ်လှူဒါန်းခြင်း

 

လွိုင်ကော်၊ မတ်လ ၁၅

ယနေ့ ၁၅-၃-၂၀၁၈ ရက်နေ့ နေ့လည်(၁း၀၀) နာရီအချိန် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ကယား ပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ၊ လွိုင်ကော်ခရိုင်ပြည်ခိုင်ဖြိုးပါတီနှင့် လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ စုပေါင်း၍ အလှူငွေများ ပေးအပ်လှူဒါန်းပါသည်။
ပထမဦးစွာ ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ လွိုင်ကော်မြို့နယ်၊ ဒေါပေါ်ကလဲကျေးရွာအုပ်စု၊ ဒေါပေါ်ကလဲရွာ မော်မိုးကော်မတီအဖွဲ့ ဒု-ခေါင်းဆောင် မော်ရီးမြာထံသို့ ကယား ပြည်နယ်၊ ဒီးမော့ဆို မြို့နယ်တွင် ကျင်းပမည့် နှစ်(၆၀)ပြည့် ကယားရိုးရာကေ့ထျိုး ဘိုး (ခေါ်) တံခွန်တိုင်ပွဲတွင် ဘော်လီဘောပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဘောလီဘောဝတ်စုံဖိုး ကျပ်(၅၀၀၀၀ိ/-)၊ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် တာဝန်ထမ်းဆောင်သော ရုံးအဖွဲ့မှူး ဒေါ်စုလေးဖြူ (ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုး ပါတီ နာယက) ကျန်းမာရေးဆေးဝါးကုသရန် အတွက် အလှူငွေကျပ်(၃၀၀၀၀၀ိ-)နှင့် ဒေါပေါ်ကလဲကျေးရွာအုပ်စု၊ ထေးငှား လျားရွာမော်မိုးအဖွဲ့အတွက် အလှူငွေကျပ်(၅၀၀၀၀ိ/-) စုစုပေါင်း ကျပ် (၄၀၀၀၀၀ိ/-) ပေးအပ်လှူဒါန်းပါသည်။
၎င်းအလှူငွေပေးအပ်လှူဒါန်းရာတွင် ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ပါတီ နာယကဖြစ်ကြသော ဦးတောရယ်နှင့် ဒေါ်စုလေးဖြူ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးကျော်မြင့်၊ ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဒေါ်မော်မော်ခိုင်၊ ဒေါ်ဗျားမြာမောင်၊ ဒေါ်ဒေါရစ်လေးနှင့် ဒေါ်နန်းယဉ်သီတာထွေး၊ လွိုင်ကော်ခရိုင်ကော်မတီဝင် ဦးစူးရယ်နှင့် လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးမောင်ရွှေတို့ တက်ရောက်ကြောင်း သိရှိရသည်။

Crd;