ဗန်းမော်မြို့နယ်ပြည်ခိုင်ဖြိုး ရပ်ကွက်ကျေးရွာပါတီဥက္ကဋ္ဌများလုပ်ငန်းညှိနှိုင်း

 

ဗန်းမော် မတ် ၁၅

ကချင်ပြည်နယ်ဗန်းမော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ရပ်/ကျေး ပါတီဥက္ကဋ္ဌများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီက ညောင်ပင်ရပ်ကွက်မြို့နယ် ပါတီရုံး၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲသို့ ပြည်နယ်ပါတီ ကော်မတီဝင် ဦးဝင်းမောင်သိန်း၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေး၊ အတွင်းရေးမှူးဒေါ်ဝိုင်း နှင့် ကော် မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးသက်ဝင်း၊ အတွင်းရေးမှူး ဦးစောမိုးကျော်နှင့် ကော်မတီဝင် များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ စုစုပေါင်း ၆ဝ ကျော်တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ သဘာပတိပြည်နယ် ပါတီကော်မတီဝင်ဦးဝင်းမောင်သိန်း က ပြည်သူလူထုကြည်ညိုအောင်၊ အားကိုးအောင် နေထိုင်ကြစေလို ကြောင်း၊ မိမိရပ်/ကျေးများရှိ ပြည်သူများထံမှ ဆန္ဒမဲရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း၊၂ဝ၂ဝ ရွေးကောက်ပွဲ မကြာမီရောက်လာ မည်ဖြစ်၍ မဲပေးနိုင်သူ လူဦးရေ စာရင်းပြုစုထားပြီး မဲအားလုံးရရှိ အောင် ပြည်သူများနှင့် ထိတွေ့မှုရှိ ကြစေလိုကြောင်း၊ ရပ်ရေးရွာရေး သာရေးနာရေးများပါဝင်၍ ပြည်သူ များယုံကြည်မှုရှိအောင် ဦးဆောင် လုပ်ကိုင်ကြိုးစားကြစေလိုကြောင်း၊ မဲပေးနိုင်သည့် အိမ်ထောင်စုများထံ သို့ ဝင်ထွက်သွားလာစည်းရုံးကြ ရန်နှင့် ဗန်းမော်မြို့ မဲနိုင်အောင် အားလုံးကြိုးစားကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။ ထို့ နောက်ခရိုင်ပါတီဥက္ကဋ္ဌဦးသန်းဇော် လေးက တာဝန်ခံများကွင်းဆင်း ကြပါရန်၊ ရပ်/ကျေးပါတီဥက္ကဋ္ဌ နှင့်ကော်မတီဝင်များက ပါတီဝင် များနှင့်ထိတွေ့၍ သာရေးနာရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင် ရွက်ကြစေလိုကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ ဗန်းမော်မြို့နယ် ပါတီဥက္ကဋ္ဌဦးသက်ဝင်းကလုပ်ငန်း များနှင့်ပတ်သက်၍ ဆွေးနွေးတင် ပြခဲ့ရာ ရပ်/ကျေးပါတီဥက္ကဋ္ဌများ က လုပ်ငန်းညှိနှိုင်းမှုဆိုင်ရာ ကိစ္စ ရပ်များအား တင်ပြဆွေးနွေးခဲ့ကြ ပြီး သဘာပတိက နိဂုံးချုပ် အမှာ စကားပြောကြားခဲ့ကာ အခမ်း အနားကို မွန်းလွဲ ၁၂ နာရီ ၄ဝ မိနစ်တွင် ပြီးဆုံးခဲ့ကြောင်း သိရ သည်။

ဆီမီးခုံ(နန်းရီ)