အားကစားသတင်းတိုများ

* အာဆင်နယ်အသင်းဟာ ရီးရဲကွင်းလယ်ကစားသမားလူကာမိုဒရစ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။ Don Balon

* ပြင်သစ်ကလာတဲ့ သတင်တွေအရ ချဲလ်ဆီး နည်းပြ ကွန်တီအနေနဲ့ ရာသီအကုန်မှာ ပီအက်ဂျီအသင်းကို နည်းပြဖို့ ပိုမို နီးစပ်နေပြီလို့ သိရပါတယ်။ Sports Illustrated

* အေစီမီလန်အသင်းဟာ ပီအက်ဂျီတိုက်စစ်မှူး ကာဗာနီကို အလိုရှိနေပြီး အသင်းက ဂိုးသမား ဒိုနာရူမန်နဲ့ အလိုက်ပေးချင်တယ်လို့လည်း ထုတ်ဖော်ပြောလာခဲ့ပါတယ်။ Premiun Sports

* ဂျာမန်ကလပ် ဒေါ့မွန်အသင်းက ယခုနှစ်မှာ ချဲလ်ဆီးက အငှားခေါ်ယူထားတဲ့ ဘတ်ရှုဝါရီကို အပြီး ၀ယ်လိုနေပြီး ရောင်းချမယ်ဆိုပါက ယူရို သန်း ၆၀ အထိ သုံးစွဲသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Bild

* ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီကုန်မှာ အသင်းကနေထွက်ခွာဖို့ သတင်းထွက်ပေါ်နေတဲ့ ကွင်းလယ်လူ အမ်မရီချမ်ကို အရခေါ်ယူဖို့ ကြိုးပမ်း နေတယ်လို့ သိရပါတယ်။ Mirror

* စပါးအသင်းဟာ အသင်းနဲ့ ခြေစွမ်းပြနိုင်ခြင်းမရှိ ဖြစ်နေတဲ့ တိုက်စစ်မှူး လော်ရန်တေးကို လာမယ့် နွေရာသီမှာ ရောင်းထုတ်သွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ Evening Standard

Source- Goal.com / Duwun