စိုင်ကျကျေးရွာက မီးဘေးသင့်ပြည်သူများအတွက် မကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်အဖွဲ့ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်ထုပ်၊ ရေသန့်၊ ဓာတ်ဆားထုပ်များ သွားရောက်လှူဒါန်း
၁၄.၃.၂၀၁၈ ရက်နေ့ နံနက် ၉ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သော မကွေးမြို့နယ် စိုင်ကျကျေးရွာက မီးဘေးသင့်ပြည်သူများအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးမြို့နယ်ပါတီဥက္ကဌ ဦးအောင်သိန်းကျော်၊ အတွင်းရေးမှူး ဦးတင်မျိုးဇော်နှင့် မြို့နယ်ကော်မတီဝင်များမှ တိုင်းပါတီမှလှူဒါန်းသော ဆန်အိတ်၊ မကွေးခရိုင်ပါတီမှ လှူဒါန်းသော ဆီ၊ မြို့နယ်ပါတီမှ လှူဒါန်းသော ခေါက်ဆွဲခြောက်ထုပ်၊ ရေသန့်၊ ဓာတ်ဆားထုပ်များ
စုစုပေါင်းတန်ဘိုးငွေကျပ် (၁၂၀၀၀၀ိ/_)ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
မီးလောင်မှုသတင်းရလျှင်ရခြင်း သွားရောက်ကြပြီး မီးငြှိမ်းသတ်ခြင်း၊ မီးလောင်မြေရှင်းလင်းခြင်း၊ နေရာချထားရေးလုပ်ငန်းများတွင်လည်း ပါဝင် ကူညီဆောင်ရွက်နိုင်ခဲ့ကြပါသည်။ မီးလောင်မှုဖြစ်စဉ်တွင် နေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ကျား ၁၇ ဦး၊ မ ၆ ဦး ပေါင်း ၂၃ ဦးတို့
အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်လို့ သိရပါသည်။
Min Zaw