ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တိုင်းခရိုင် မြို့ နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်းခရိုင် မြို့ နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၄.၃.၂၀၁၈ ရက်နေ့ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ တိုင်းဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုး ၊ တိုင်းပါတီကော်မတီဝင် ဒေါ်မိုးမိုးအိ၊ ခရိုင်ဥက္ကဌ ဦးလွင်ဦးနှင့် ခရိုင်အတွင်းရေးမှူး ဦးအောင်ကျော်မင်း၊ ခရိုင်ကော်မတီ ဒေါ်အေးအေးမြင့်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။