ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ(၄၅)ကြိမ်မြောက် သွေးလှူဒါန်း

 

ရန်ကုန် မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီမှ ရန်ကုန်အမျိုးသား သွေးလှူဘဏ်တွင် အာစိဏ္ဏကံ အဖြစ် စဉ်ဆက်မပြတ် သွေးလှူ ဒါန်းလျက်ရှိရာ ယခုလ ၁ဝ ရက် နံနက် ၁ဝ နာရီက အဆိုပါ သွေး လှူဌာနတွင်(၄၅)ကြိမ်မြောက် သွေးလှူဒါန်းပွဲကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သွေးလှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီမှ ဗဟိုကော်မတီဝင်တိုင်း ဒေသကြီးအတွင်းရေးမှူးဦးသာဝင်း၊ ဗဟိုကော်မတီဝင် ဒေါ်သင်းသင်း မိုး၊ အမျိုးသားသွေးလှူဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာအောင်နှင့် မြောက်ပိုင်းခရိုင် ပါတီကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌများနှင့် သွေးလှူရှင် ၁၅ဝ တို့ တက်ရောက်ခဲ့သည်။

အစီအစဉ်အရ တိုင်းဒေသ ကြီးပါတီအတွင်းရေးမှူး ဦးသာ ဝင်းက အမှာစကားပြောကြားရာ တွင် ဗုဒ္ဓဘုရားဟောကြားသည့် အတိုင်း ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်များတွင် ယခု မိမိတို့ အသွေးအသားကို လှူဒါန်းခြင်းမှာ ဒါနဥပပါရမီမြောက်ကြောင်း၊ယခု လို စဉ်ဆက်မပြတ်လှူဒါန်းပေးကြ သည့် ပြည်ခိုင်ဖြိုးလူငယ်မောင် မယ်များအား အထူးပင်ကျေးဇူး တင်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားသွေး လှူဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်က အမျိုး သားသွေးလှူဌာနကို စတင်တာဝန် ယူသည့်အချိန်မှစ၍ ယခုအချိန်ထိ သွေးလှူရှင်များ စိတ်အေးချမ်းစွာ လှူဒါန်းနိုင်ရေးအတွက် စဉ်ဆက် မပြတ် ကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ သို့သော် အမျိုး သားသွေးဌာနအတွက် သွေးပုလင်း လိုအပ်မှုများမှာ ရှိနေမြဲပင်ဖြစ်ရာ အမျိုးသားသွေးဌာနအတွက် အား ကိုးရသည့် သွေးလှူရှင်အဖွဲ့များ တွင် ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီသည်လည်း တစ်ခု အပါအဝင်ပင်ဖြစ်ပါကြောင်း ယခု လို စဉ်ဆက်မပြတ် လှူဒါန်းပေး နေကြသည့်အတွက် များစွာပင် ကျေးဇူးတင်ရှိပါကြောင်း ပြော ကြားပြီး သွေးလှူရှင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရှိရသည်။

ထိန်ဝင်း(YGN)