ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ဘိလပ်မြေအိတ် (၂၀၀) သွားရောက်လှူဒါန်းခြင်း


ဖါးဆောင်းမြို့နယ် – မတ်လ ၁၁

၁၁-၃-၂၀၁၈ ရက်နေ့ နံနက် ၁၀း၀၀ နာရီအချိန်တွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့်အဖွဲ့သည် ဖါးဆောင်းမြို့နယ် ဝမ်အောင်း (ကယား) ရွာရှိဓမ္မဝိရုဠီဘုန်းတော်ကြီးကျောင်း သို့ သွားရောက်ကာ ဆရာတော်ကျောင်းတိုက် တည်ဆောက်ရန်အတွက် ဘိလပ်မြေအိတ် (၂၀၀) သွားရောက် လှူဒါန်းပြီး ကျောင်းထိုင်ဆရာတော် ဘန္ဒဇောတိကတဇမေဒါနန္ဒထံမှ ငါးပါးသီလခံ ဆောက်တည်ကာ ဆရာတော်ဘုရားအား ပါတီဝင်များနှင့်အတူ ကန်တော့ခဲ့ပါသည်။

ယင်းနောက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်းနှင့်အဖွဲ့သည် ဖါးဆောင်းမြို့နယ် ဝမ်အောင်း(ကယား) ရွာရှိ ပါတီဝင်များနှင့်တွေ့ဆုံကာ ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆက်လက်လုပ်ဆောင်ရမည့် ပါတီ လုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်များ၊ ပါတီဝင်များ သိသင့်သိအပ်သော အကြောင်းအရာများ၊ ပါတီအတွင်းရေးရာ ကဏ္ဍ လုပ်ငန်းဆောင်ရွက်ချက်များ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအစ ရှိသောကိစ္စရပ်များနှင့် ရေးရာအလိုက် ပြည်နယ်တာဝန်ခံများက အကျယ်တ၀င့် ဆွေးနွေးသွားပြီး တက်ရောက် လာကြသော ပါတီဝင်များက လိုအပ်ချက်များနှင့် သိရှိလိုသည်များကို မေးမြန်းပြီး ပြည်နယ်ပါတီအဖွဲ့များက ပြန်လည်ရှင်းလင်း ဖြေကြားသွားပါသည်။

ယင်းသို့သွားရောက်ရာတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ကော်မတီဝင် များဖြစ်ကြသော ဦးအေးရွှေ (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) ဦးတင်ဦး၊ ဦးကျော်မြင့်၊ ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဒေါ်မော်မော်ခိုင်၊ ဒေါ်ဗျားမြာမောင်၊ ဒေါ်ဒေါရစ်လေး၊ ဒေါ်နန်းယဉ်သီတာထွေး (ဖါးဆောင်းမြို့နယ်တာဝန်ခံ) ဘောလခဲခရိုင်ကော်မတီဝင် ဦးလှမောင်နှင့် ဒေါ်ညိုသက်ထား ဖါးဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်မောင်ညို၊ အတွင်းရေးမှူး ဒေါ်ခင်နှင်းယဉ်နှင့် မြို့နယ်ကော်မတီဝင်များ ဝမ်အောင်း (ကယား) ရွာရှိ ပြည်ခိုင်ဖြိုးပါတီဝင်များ စုစုပေါင်းအင်အား (၁၀၀) ခန့် တက်ရောက်ပြီး နံနက် (၁၁း၃၀) နာရီတွင် ပြီးစီးကြောင်း သိရှိရသည်။