ပခုက္ကူခရိုင်ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းလောင်းလှူ

 

၉. ၃ . ၂၀၁၈

ပခုက္ကူမြို့သိဒ္ဓိဇေယျာအောင်မင်္ဂလာ စေတီတော်မြတ်ကြီး(၁၂၅)နှစ်ပြည့် (၂၅)ကြိမ်မြောက် ဗုဒ္ဓ၊ဓမ္မ၊သံဃာပူဇာ နှင့်ပခုက္ကူမြို့လုံးဆိုင်ရာ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို ယနေ့(၉.၃.၂၀၁၈)
ရက်နေ့ နံနက် ၆ နာရီ အချိန်မှစ၍ပင့်သံဃာတော် နှင့်သီလရှင်စုစုပေါင်း(၂၈၀)ပါးတို့အားဆွမ်းဆန်တော်နှင့် လှူဘွယ်ဝတ္တု အစုစုတို့ကို စုပေါင်း လောင်းလှူပူဇော်ခဲ့ကြပါသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပခုက္ကူခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသိန်းထွန်းနှင့်အတူ ပခုက္ကူခရိုင်ကော်မတီဝင်များ ပခုက္ကူမြို့နယ်ပါတီကော်မတီဝင်များ အမျိုးသမီးရေးရာအဖွဲ့များပူးပေါင်းပြီးကုသိုလ်ပြုလောင်းလှူခဲ့ကြပါသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်ပခုက္ကူမြို့ရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံရေးပါတီများက ကုသိုလ်ပါဝင်လောင်းလှူခဲ့ကြကြောင်းသိရပါသည်။