လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ချိကယ်ကျေးရွာအုပ်စု ပါတီဝင်နှင့်တွေ့ဆုံပွဲ

 

လွိုင်ကော်မြို့၊ မတ်လ ၈

ယမန်နေ့(၈-၃ – ၂၀၁၈)ရက်နေ့ နံနက်(၁၀း၃၀)နာရီ အချိန် တွင် လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ချိကယ်ကျေးရွာအုပ်စု၊ လွယ်တမူရွာလူငယ်ရိပ်သာတွင် ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံ ပါသည်။

ယင်းတွေ့ဆုံရာတွင် လွိုင်ကော်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဌနှင့်အဖွဲ့များက ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆက် လက်လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းစဉ်များ၊ ရည်ရွယ် ချက်များ၊ ပါတီမူဝါဒများ၊ ပါတီဝင်များ သိသင့်သိအပ်သော အကြောင်းအရာများ၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး အစရှိသောကိစ္စ ရပ်များအား အကျယ်တ၀င့် ဆွေးနွေးသွားပြီး ပါတီဝင်လက်ထဲသို့ ပြည်ခိုင်ဖြိုးပါတီ မှထုတ်ဝေ သောသတင်းစာများ၊ ဂျာနယ်များ ပေးအပ်ဝေငှသွား ပြီးလူငယ်မောင်မယ်များအတွက် ရံပုံငွေပေးအပ်သွား ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့လွိုင်ကော်ခရိုင်၊ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးကွယ်ရယ်ဖိုး ခရိုင်ကော်မတီဝင် ဦးစူးရယ် လွိုင်ကော်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးမောင်ရွှေ၊ အတွင်းရေးမှူး ဦးကူးရယ်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရုံးအဖွဲ့များ၊ လွယ်တမူကျေးရွာရှိပါတီဝင်များ၊ အမျိုးသမီးများ နှင့် လူငယ်များ စုစုပေါင်းအင်အား (၆၀)ဦးကျော်တက် ရောက်ကာ တွေ့ဆုံပွဲကို နေ့လည်(၁၁း၃၀)နာရီတွင် ပြီးစီးကြောင်း သိရှိရသည်။

လမင်း ချစ်သူ