လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ နွားလဝိုးကျေးရွာအုပ်စုပါတီဝင်များနှင့် တွေ့ဆုံပွဲကျင်းပ

 

လွိုင်ကော် မတ် ၆

လွိုင်ကော်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ယနေ့နံနက် ၁ဝ နာရီတွင် နွားလဝိုးကျေးရွာအုပ်စု လယ်ထွဲရွာဘုန်းတော်ကြီးကျောင်း ၌ ပါတီဝင်များနှင့် သွားရောက် တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင် လွိုင် ကော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ နှင့်အဖွဲ့များက ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆက်လက်လုပ်ဆောင်ရမည့် ပါတီလုပ်ငန်းစဉ်များ၊ ရည်ရွယ် ချက်များ၊ ပါတီမူဝါဒများ၊ ပါတီ ဝင်များ သိသင့်သိအပ်သော အကြောင်းအရာများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအစရှိသော ကိစ္စရပ်များအား အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး ပါတီဝင်လက်ထဲ သို့ ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ဝေ သောသတင်းစာများ၊ ဂျာနယ်များ ပေးအပ်ဝေငှခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ လွိုင်ကော် ခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော် မတီဝင်ဦးစူးရယ်၊ လွိုင်ကော်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးမောင်ရွှေ၊ အတွင်းရေးမှူးဦးကူး ရယ်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရုံးအဖွဲ့များ၊ လယ်ထွဲကျေးရွာရှိ ပါတီဝင်များ၊ အမျိုးသမီးများနှင့် လူငယ်များ စုစုပေါင်းအင်အား ၆ဝ ကျော်တက်ရောက်ကာ တွေ့ဆုံပွဲ ကို နံနက် ၁၁ နာရီခွဲတွင် ပြီးစီး ခဲ့ကြောင်း သိရသည်။

မမောင်(ချိကယ်သူ)