ပြင်​ဦးလွင်​ပြည်​ခိုင်​ဖြိုး ရပ်​/​ကျေးဥက္ကဌများ တာဝန်​ခန့်​အပ်​ပွဲအခမ်းအနားကျင်းပ

 

(၆.၃.၂၀၁၈)ရက်​​နေ့ နံနက်​(၀၉း၃၀)အချိန်​တွင်​ ပြင်​ဦးလွင်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ ရပ်​/​ကျေးအုပ်​စု ပါတီ​ကော်​မတီဥက္ကဌ တာဝန်​ခန့်​အပ်​ပွဲအခမ်းအနားကျင်းပပြုလုပ်​ရာ မန္တ​လေးတိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုး၊ တိုင်း​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦးမျိုးမြင့်​၊ ဦးစိုင်း​အောင်​ကြည်​၊ ဦး​ကျော်​စန်း၊ ပြင်​ဦးလွင်​ခရိုင်​ပါတီဥက္ကဌ ဦးဝင်းကြည့်​နှင့်​ခရိုင်​​ကော်​မတီဝင်​များ၊ ပြင်​ဦးလွင်​မြို့နယ်​ ပါတီဥက္ကဌ ဦးလင်း​ဇော်​မင်းနှင့်​​ကော်​မတီဝင်​များ၊ မြို့မိမြို့ဖများ၊ ရပ်​/​ကျေးအုပ်​စုပါတီဥက္ကဌများ၊ ပါတီဝင်​များ အင်​အား(၁၈၀)ခန့်​တက်​​ရောက်​ခဲ့ပါသည်​။ အခမ်းအနားကို နိုင်​ငံ​တော်​သီချင်းသံပြိုင်​သီဆိုကာဖွင့်​လှစ်​ခဲ့ပြီး တိုင်းပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုးမှ အဖွင့်​အမှာစကား​ပြောကြားကာ ပြင်​ဦးလွင်​မြို့နယ်​ပါတီဥက္ကဌ ဦးလင်း​ဇော်​မင်းမှဥက္ကဌများအဖြစ်​ခန့်​အပ်​ရခြင်းအ​ကြောင်းအားရှင်းလင်း​ပြောကြားခဲ့ပါသည်​။ ထို့​နောက်​တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦးစိုင်း​အောင်​ကြည်​မှ ပြင်​ဦးလွင်​မြို့နယ်​အတွင်းရှိ ရပ်​/​ကျေး(၅၈)အုပ်​စုမှ ဥက္ကဌတာဝန်​ခန့်​အပ်​လွှာများအား​ပေးအပ်​ခဲ့​ကြောင်းသိရှိရပါသည်​။
#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး