ပါတီဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး ထားဝယ်မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဒေါက်တာကျော်ကျော်ဌေးနှင့် တနင်္သာရီတိုင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းအောင်၊ ဒုဥက္ကဋ္ဌဒေါက်တာဝင်းအောင်၊ အတွင်းရေးမှူးဦးနေမျိုးနှင့် ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း များ၊ ဗဟိုကော်မတီဝင်များ၊ ထားဝယ်ခရိုင်ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ထားဝယ်မြို့နယ်ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာကော်မတီဥက္ကဋ္ဌ များနှင့် ပါတီဝင်များ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ရှိ တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် တွေ့ဆုံခဲ့ကြရာ ပါတီဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီးနယ်မြေတာဝန်ခံ ဒေါက်တာကျော်ကျော်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စည်းရုံးရေးရာကိစ္စများ မှာကြားခဲ့သည်။ အခမ်းအနားတွင် တိုင်း/ခရိုင်/မြို့နယ်အတွင်းရေးမှူးများက ပါတီစည်းရုံးရေးကိစ္စရပ်များကို တင်ပြခဲ့ကြသည်။

Union daily